Advertisement

လက်သည်းခြေသည်းကို Spaမှာသွားဆိုးတော့မယ်ဆိုရင် ဒီအချက်လေးတွေ သိထားသင့်တယ်နော်။ ဒါဆိုရင် လက်သည်းခြေသည်းလေးတွေ ပိုလှပြီး စိတ်တိုင်းလည်း ကျမှာပါ။

ချစ်တို့ရေ လက်သည်းလှလှလေး ဖြစ်ဖို့ Nail Spa တွေ သွားလေ့ရှိကြတယ်မလား၊ Nail Spa မှာ အရောင် ဒီဇိုင်းလှလှလေး ဆိုးတာတွေ ရှိသလို Cleansing လုပ်တာတွေလည်း ရှိတယ်လေ။ ဒီလိုမျိုး သွားမယ်ဆိုရင် Nail Spa နဲ့ ပတ်သက်ပြီး သတိထားသင့်တာတွေ ရှိပါတယ်နော်။

သွေးထွက်တာ

တစ်ခါတလေ ခြေသည်းကြား လက်သည်းကြားကို အချွန်နဲ့ ထိုးမိတာမျိုး ဖြစ်တတ်ပါတယ်။ သွေးထွက်မိသွားတယ်ဆိုရင် ပြစ်ထားတာမျိုး မလုပ်ပါနဲ့။ သေသေချာချာ ဂရုစိုက်ပါ။ ဒါမှ ပိုးဝင်တာ၊ ပြည်တည်သွားတာမျိုး မဖြစ်မှာပါ။

Cream

Nail Spa တွေမှာတော့ လက်သည်းပဲ ဖြစ်ဖြစ်၊ ခြေသည်းပဲ ဖြစ်ဖြစ် ဆိုးပြီးသွားရင် Cream လေးတွေ လိမ်းပေးလေ့ ရှိပါတယ်။ အဲဒီဟာလေးတွေ လိမ်းပေးလားကြည့်ပါ။ Cream မလိမ်းပေးဘူးဆိုရင်လည်း လိမ်းပေးဖို့ ပြောကြည့်ပါ။

Spa သွားကြတဲ့အခါ

Spa သွားကြတဲ့အခါ

ရေနွေးပူ

ခြေသည်းလက်သည်းအတွက် Spa သွားတဲ့အခါမှာ ရေနွေးပူသုံးပြီး ဆေးကြောတာမျိုး ရှိပါတယ်။ တခါတလေ ရေနွေးပူလွန်းတဲ့အခါ ခြေထောက် အက်ကွဲတာ၊ အပူလောင်တာနဲ့ အသားအရေ ခြောက်သွေ့တာတွေ ဖြစ်တတ်ပါ  တယ်။ အဲဒီအချက်လည်း သတိထားနော်။

ပစ္စည်းတွေ

ပစ္စည်းတွေ

ပစ္စည်းတွေ

Nail Spa သွားဖို့ ဆိုင်ရွေးရင် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး သိထားသင့်ပါတယ်။ ဆိုင်မှာ သုံးတဲ့ ပစ္စည်းတွေက တစ်ခါသုံး မဟုတ်ဘူးလေနော်။ ဒီပစ္စည်းတွေနဲ့ပဲ တစ်ယောက်ပြီး တစ်ယောက် သုံးကြတာမဟုတ်လားနော်။ လက်သည်းညှပ်၊ တံစည်းစတာတွေပေါ့။ ပစ္စည်းတွေကို ဘယ်လိုနည်းနဲ့ ပိုးသတ်လဲ၊ သန့်ရှင်းရေးလုပ်လဲဆိုတာ သိထားရင် အကောင်းဆုံးပါနော်။ ဆိုင်ကိုလည်း နည်းနည်းပါးပါး တီးခေါက်ကြည့်ပေ့ါနော်။ သန့်ရှင်းရေးကို သတိထားပါ။

Quality

Quality ကောင်းတာ ရွေးပါ။ လက်သည်းထိခိုက်တာတွေ မဖြစ်စေဖို့အတွက် Quality ကောင်းတာလေးတွေ ရွေးချယ်ပြီးမှ ဆိုးမယ်ဆိုရင်တော့ လက်သည်းကျန်းမာရေးကိုလည်း မထိခိုက်တော့ဘူးပေ့ါ။

Base Coat

Base Coat

Base Coat

Nail Spa တွေမှာ လက်သည်းနီ ဆိုးတဲ့အခါ Base Coat ခံပေးလား မေးပါ။ Base Coat သုံးပေးတဲ့ ဆိုင်မှာသာ ဆိုးပါ။ ဒါမှ လက်သည်းဝါတာတွေ မဖြစ်ဘဲ လက်သည်းကျန်းမာရေး ကောင်းမှာပါ။

ချစ်တို့ရေ လက်သည်းခြေသည်းကို Spaမှာသွားဆိုးတော့မယ်ဆိုရင် ဒီအချက်လေးတွေ သိထားသင့်တယ်နော်။ ဒါဆိုရင် လက်သည်းခြေသည်းလေးတွေ ပိုလှပြီး စိတ်တိုင်းလည်း ကျမှာပါ။

Tags: beautyNail careNail Spa

Comments

0 comments