Advertisement

ချစ်တို့ရေ ကိုယ်က အလက်ဂျစ် ဖြစ်တတ်တဲ့သူဆိုရင်တော့ ဒီအချက်တွေကို သတိထားပြီး ဂရုစိုက်ပါ။ 

အလက်ဂျစ်တွေ ဖြစ်နေလို့ စိတ်ညစ်နေပြီလား။ အလက်ဂျစ် ဖြစ်ရသူတွေရဲ့ ဒုက္ခကို ဖြစ်ဖူးတဲ့သူတွေပဲ ကိုယ်ချင်းစာနိုင်မှာပါ။အလက်ဂျစ် ဖြစ်တာက တစ်ကိုယ်လုံးမှာ အနီရောင်ရဲရဲအကွက်ကြီးတွေ ဖြစ်လာတာ ဒါမှမဟုတ် အဖုအပိန့်တွေထွက်လာပြီး ယားယံလာတာမျိုးပေါ့။ အဲဒီလိုဆိုရင် ချစ်တို့ သတိထားရမှာတွေ ရှိတယ်နော်။

ရေချိုးတာ မကြာပါစေနဲ့

တချို့တွေဆိုရင် ရေချိုးခန်းထဲက ထွက်လာတာနဲ့ ခန္ဓာကိုယ်မှာ အလက်ဂျစ်တွေ ဖြစ်လာတာလေ။ နီရဲပြီး အကွက်တွေ ဖြစ်တာ ရှိတတ်ပါတယ်။ ရေခပ်ကြာကြာ ချိုးတယ်ဆိုရင် ချစ်တို့ ခန္ဓာကိုယ်မှာ အသားအရေ ခြောက်သွေ့လာပြီး အလက်ဂျစ် ဖြစ်တတ်ပါတယ်။ ရေအေးလွန်းတာ ရေပူလွန်းတာတွေလည်း ရှောင်ချိုးပါ။ ပုံမှန်ရေချိုးချိန်အတွင်းလောက်သာ ချိုးပါ။

ပြင်းတဲ့ ဆပ်ပြာ မျက်နှာသစ်ဆေးတွေ မသုံးပါနဲ့

ကိုယ်ကအလက်ဂျစ် ဖြစ်တတ်တဲ့သူဆိုရင် ပြင်းလွန်းတဲ့ ဆပ်ပြာနဲ့ မျက်နှာသစ်ဆေးတွေလည်း ရှောင်ပါ။ သူတို့မှာပါတဲ့ ဓါတ်တွေက ကိုယ်နဲ့မတည့်တာမျိုး ဖြစ်နိုင်ချေ ပိုများပါတယ်။ အဲဒီလို ဆပ်ပြာနဲ့မျက်နှာသစ်ဆေးတွေက ချစ်တို့ အရေပြားက အဆီဓါတ်တွေကို ဖယ်ရှားပစ်လိုက်တာကြောင့် ခြောက်သွေ့ပြီး အလက်ဂျစ် ဖြစ်တတ်ပါတယ်။ အယ်လ်ကိုဟောပါတာတွေလည်း ရှောင်ဖို့ လိုပါတယ်။

အမွှေးနံ့သာပါတဲ့ ပစ္စည်းတွေလည်း ရှောင်ပါ

ချအမွှေးနံ့သာ များများပါတဲ့ ပစ္စည်းတွေက sensitive skin အတွက် ဓါတ်မတည့်တာတွေ အလွယ်တကူ ဖြစ်စေတိုင်တာကို သတိထားပါ။ ချစ်တို့ အသားအရေနဲ့ ဓါတ်မတည့်တာတွေဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ပါဝင်တာမို့ တတ်နိုင်သမျှ အနံ့မွှေးတာကို မမက်ပါနဲ့။

https://www.elle.com/

အစားအသောက်

ကိုယ်ကအလက်ဂျစ် ဖြစ်တတ်တဲ့သူဆိုရင် အစားအသောက်တွေလည်း သေချာဆင်ခြင်ဖို့ လိုပါသေးတယ်။ အသားတွေ၊ ပင်လယ်စာတွေ တတ်နိုင်သမျှ ရှောင်စားပါ။ မာကျူရီများတဲ့ အစားအသောက်တွေက အလက်ဂျစ်ဖြစ်တာမျိုး ဖြစ်စေတတ်ပါတယ်။

အစိုဓါတ်လိမ်းခရင်မ် မမေ့ပါနဲ့

အစိုဓါတ်လိမ်းခရင်မ် လိမ်းဖို့ မမေ့လိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ အသားအရေခြောက်တတ်တဲ့သူတွေမှာ အလက်ဂျစ်ပိုဖြစ်နိုင်တာကြောင့်ပါ။ တတ်နိုင်သလောက် အစိုဓါတ်ထိန်းခရင်မ်ကို မဖြစ်မနေ လိမ်းပါနော်။

Tags: allergicbeauty

Comments

0 comments