Advertisement

နဖူးပေါ်က အရေးအကြောင်းတွေ လျော့နည်းအောင် ပျောက်အောင် လုပ်ချင်တယ်ဆိုရင် အခုပြောပြထားတဲ့ နည်းလမ်းလေးတွေ လိုက်လုပ်ကြည့်နော်။

ချစ်တို့ရေ အရေးအကြောင်းဆိုတာ အသက်အရွယ်ရတာလာနဲ့ အမျှ ဖြစ်လာကြစမြဲပါ။ ဇရာကို ညာမရလို့ အရေးအကြောင်းတွေက ဖြစ်မှာပဲဆိုပေမယ့် အချိန်တစ်ခုအထိ ဆွဲထားလို့ ရပါတယ်။ နောက်ပြီး အရေးအကြောင်းတွေ လျော့နည်းအောင်လည်း လုပ်လို့ ရပါတယ်။ ကိုယ့်ရဲ့ နေထိုင်မှု ပုံစံတွေကို မှန်ကန်အောင် နေမယ်ဆိုရင် အရေးအကြောင်းတွေ လျော့နည်းအောင် လုပ်ဖို့အခွင့်အရေး ပိုများတာမလို့ ကြိုးစားကြည့်ရအောင်။

 

နဖူးပေါ်က အရေးအကြောင်းတွေ

နဖူးပေါ်က အရေးအကြောင်းတွေ

နေရောင်ခြည်ကိုကာကွယ်ပါ

ချစ်တို့ရေ နဖူးပေါ်မှာ အရေးအကြောင်းဖြစ်တာတွေကို ကာကွယ်မယ်ဆိုရင်တော့‌ နေရောင်ခြည်နဲ့ မထိတွေ့အောင် ဂရုစိုက်ဖို့ လိုပါတယ်။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အရေးအကြောင်း ဖြစ်စေနိုင်ပါတယ်။ နဖူးပေါ်က အရေးအကြောင်းတွေ သက်သာဖို့အတွက် နေရောင်ကာခရင်မ်တွေ လိမ်းဖို့ လိုပါတယ်။ နေ့တိုင်းလိမ်းဖို့ လိုပါတယ် ချစ်တို့ရေ။

ရေဓါတ် မနည်းပါစေနဲ့

ရေဓါတ်နည်းတဲ့အခါ အသားအရေ ခြောက်သွေ့လာပြီး နဖူးပေါ်က အရေးအကြောင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အသားအရေမှာ ရေဓါတ်ပြည့်ပြည့်ဝဝ ရှိနေမယ်ဆိုရင် နဖူးပေါ်က အရေးအကြောင်းတွေ မထင်ရှားလာအောင် လုပ်ပြီးသား ဖြစ်သွားမှာပါ။ ဒါကြောင့် နေ့တိုင်း မမေ့မလျော့ ရေများများသောက်ပါ။

အစားအသောက် ဂရုစိုက်ပါ

ချစ်တို့ရေ နဖူးက အရေးအကြောင်းတွေ သက်သာစေဖို့အတွက် အစားအသောက်ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ဗီတာမင် စီနဲ့ အိုမီဂါ ၃ ပါဝင်တဲ့ အစားအသောက်တွေက အသားအရေ စိုပြေဖို့ အထောက်အကူ ဖြစ်တာမလို့ နဖူးပေါ်မှာ အရေးအကြောင်း ထွက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အဆီဓါတ်တွေကတော့ အရေးအကြောင်းတွေ ပိုဖြစ်စေလို့ လျှော့စားဖို့ လိုပါတယ်။

Skin care တွေ

ချစ်တို့ အများစု မျက်နှာအတွက် Skin care တွေသုံးကို သုံးကြမှာပါ။ အဲဒီမှာ အရေးအကြောင်းကို သက်သာစေမယ့် ပါဝင်ပစ္စည်းတွေ ပါတဲ့ Skin care တွေကိုသာ ရွေးသုံးပေးဖို့လည်း လိုပါတယ်။ ဒါမှ နဖူးမှာ ရှိတဲ့ အရေးအကြောင်းတွေ သက်သာမှာပါ။ Retinol ပါတဲ့ ပစ္စည်းတွေကတော့ အရေးအကြောင်းတွေကို သက်သာစေပါတယ်။ ဒါကြောင့် ရွေးချယ်တဲ့အခါ Retinol  ပါ မပါ ဆန်းစစ်ကြည့်ပါ။

ချစ်တို့ရေ နဖူးပေါ်က အရေးအကြောင်းတွေ လျော့နည်းအောင် ပျောက်အောင် လုပ်ချင်တယ်ဆိုရင် အခုပြောပြထားတဲ့ နည်းလမ်းလေးတွေ လိုက်လုပ်ကြည့်နော်။

 

Tags: beautyforeheadskin care

Comments

0 comments