Advertisement

 အသက်(၂၀) ကျော် ဝန်းကျင်မှာ ကိုယ့်မျက်နှာ အသားအရေအတွက် လှပအောင် လုပ်သင့်တာတွေ သိထားသင့်တယ်နော်။

အသက်(၂၀) ကျော်ဝန်းကျင်ဟာ အလှဆုံးအချိန်တွေထဲက တစ်ချိန်ပါနော်။ အသက်(၂၀) ကျော်မှာ ရင့်ကျက်တဲ့ မျက်နှာသွင်ပြင်ကိုမှ လှသွေးတွေကြွယ်နေတဲ့ အချိန်လေ။ ဒါပေမယ့်လည်း ချစ်တို့ အသက်အရွယ်ကြီးလာလေလေ အသားအရေက ပျကစီးလေလေ ဖြစ်မှာပါ။ ဇရာကို ညာလို့မရပေမယ့်လည်း အသားအရေပျက်စီးတာကို နှေးအောင်တော့ လုပ်လို့ ရပါတယ်။ ဒါကလည်း ချစ်တို့ အသက်(၂၀) ကျော်ဝန်းကျင်တည်းက လုပ်ထားဖို့ လိုပါတယ်။ ဘာတွေဖြစ်မလဲ ဖတ်ကြည့်ရအောင်နော်။

မျက်နှာသန့်ရှင်းရေး

ဒါက တသက်စာအတွက် ဂရုစိုက်ရမှာပါနော်။ ချစ်တို့ မျက်နှာအသားအရေ မပျက်စီးဖို့ဆိုတာ မျက်နှာကို သန့်သန့်ရှင်းရှင်း ထားတာနဲ့လည်း သက်ဆိုင်ပါတယ်။ ချစ်တို့ မျက်နှာအသားအရေ ကောင်းဖို့အတွက် မျက်နှာကို တစ်နေ့ (၂) ကြိမ် သစ်ပါ။ အဲ့ထက်တော့ ပိုပြီးမသစ်တာ အကောင်းဆုံးပါ။ ညအိပ်ယာမဝင်ခင်မှာ မျက်နှာသေချာသစ်ပါ။

တွေ့ကရာတွေ လိမ်းတာရှောင်ပါ

အသက်(၂၀) ကျော် ဝန်းကျင်ဆိုတာ မျက်နှာအသားအရေကို အထူးဂရုစိုက်ထားရမယ့် အချိန်ပါ။ အပေါ်မှာ ပြောပြထားသလိုပဲ (၃၀) ကျော်လာရင် ကော်လဂျင်တွေ နည်းလာပြီမို့ အသားအရေ ပျက်စီးဖို့ ပိုလွယ်ပါတယ်။ ဒီတော့ တွေ့ကရာတွေ မလိမ်းပါနဲ့။ ဝက်ခြံဆိုရင်လည်း ပျောက်တယ်ဆိုပြီး ဝယ်လိမ်းလိုက်တာတွေ မလုပ်ပါနဲ့။ ဝက်ခြံအသားအရေက တခြားအသားအရေတွေထက် ဂရုစိုက်ရတာမလို့ သေချာသိမှသာ လိမ်းပါ။

www.freepik.com

အစိုဓါတ်ထိန်းထားပါ

မျက်နှာအသားအရေ ကောင်းနေဖို့အတွက် အစိုဓါတ်လိုတယ်နော်။ Moisture တွေ မဖြစ်မနေ လိမ်းဖို့ မမေ့ပါနဲ့။ မျက်နှာအသားအရေ မခြောက်သွေ့အောင် အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဒါမှ မျက်နှာမှာ အမဲစက်တွေ၊ မှဲ့ခြောက်လို ထွက်တာတွေ နည်းလာမှာပါ။

မိတ်ကပ်သေချာဖျက်ပါ

မျက်နှာမှာ မိတ်ကပ်တွေ ရှိနေတာက အဆီဖုတွေနဲ့ ဝက်ခြံတွေ ဖြစ်ဖို့ အခွင့်အရေး ပေးနေသလိုပါပဲ။ မိတ်ကပ်က အသက်(၂၀) ဝန်းကျင်မှာ ပိုပြီးသေချာ လိမ်းဖြစ်ကြတယ်လေ။ အလုပ်ခွင်ဝင်ကြပြီဆိုတော့ Brand ကိုလည်း အစုံဝယ်လိမ်းကြပြီမလား။ ဒီတော့ လိမ်းတဲ့ မိတ်ကပ်တွေ သေချာဖျက်ပါ။ နောက်တစ်ခုကတော့ ဘယ်မှ မသွားဖြစ်တဲ့ ရက်တွေမှာ မိတ်ကပ်မလိမ်းဘဲ နေပါ။ ဒါက အသားအရေအတွက် ကောင်းစေတဲ့ နည်းတစ်မျိုးပါ။

www.freepik.com

မျက်နှာကို လက်၊ မသန့်ရှင်းတာတွေနဲ့ မထိပါနဲ့

ကိုယ့်မျက်နှာကို လက်နဲ့ပွတ်သပ်တာ၊ ဝက်ခြံတွေ လက်နဲ့ ညှစ်တာ၊ တစ်ချိန်လုံး ကိုင်ပြီး ထိနေတာမျိုး မလုပ်ပါနဲ့။ အသားအရေမှာ အနာတရ ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားတွေလည်း ပိုကူးနိုင်တယ်လေ။ လက်လိုမျိုးပဲ မသန့်ရှင်းတာတွေနဲ့လည်း မထိလိုက်ပါနဲ့။ သဘက်ဆိုလည်း သန့်ရှင်းအောင် ထားပါ။

 

Tags: beautyskin care

Comments

0 comments