Advertisement

ချစ်တို့ရေ ဆံပင်လေးကောက်ထားတယ်ဆိုရင် ဒီအချက်လေးတွေ ဂရုစိုက်ပေးဖို့ လိုတယ်နော်။ ဒါမှ ကိုယ့်ဆံသားလေးတွေ မပျက်စီးဘဲ အကောက်ပုံစံကျပြီး လှမှာပါ။

 ဆံပင်ကို သေးသေးလေးတွေ ကောက်တာမျိုး မဟုတ်ဘဲ အခွေအလိပ် ကြီးကြီးတွေ ကောက်တာမျိုး ပိုခေတ်စားပါတယ်။ ဆံပင်အကုန်လုံး မကောက်ဘဲ တဝက် ဒါမှမဟုတ် အောက်အဖျားလေးတွေလောက်ပဲ ကောက်တာပေါ့။ ဒီလိုပုံစံမျိုးကို Digital ပုံစံကောက်တယ်လို့ ပြောကြပါတယ်။ ဆံပင်ဖြောင့်ပြီးရင် ဂရုစိုက်ရသလိုပဲ ဆံပင်ကောက်ထားပြီးရင်လည်း ကောက်စအချိန်ကလို အခွေအလိပ်တွေ ဖြစ်နေဖို့ ဂရုစိုက်ရပြန်ပါတယ်။ ဆံပင်ကောက်ပြီးရင် ပြီးသွားတာပဲလေဆိုပြီး ထားလို့ မရဘူးနော်။ ပိုတောင် ဂရုစိုက်ရသေးတယ်။ မစိုက်လို့ကတော့ အကောက်တွေ ခပ်စောစော ပြန်ပြေသွားနိုင်ပါတယ်။

ခေါင်းလျှော်ရည်

ဆံပင်ကောက်ပြီးပြီဆိုရင် ဆံသားက အနည်းနဲ့အများတော့ နာတတ်၊ ပျက်တတ်ပါတယ်။ ထပ်ပြီး မပျက်စီးအောင်နဲ့ ဆံသားမနာအောင် သေချာဂရုစိုက်ရပါမယ်။ ဒီတော့ အဆင်ပြေရာတွေ့ကရာ ခေါင်းလျှော်ရည်နဲ့ လျှော်မယ့် စိတ်ကူးတွေ မေ့လိုက်ပါ။ ကိုယ့်ဆံသားနဲ့ အကောင်းဆုံး၊ အသင့်တင့်ဆုံး ဖြစ်မယ့် ခေါင်းလျှော်ရည်ကို ဆံသပညာရှင်တွေနဲ့ တိုင်ပင်ပြီး ရွေးချယ်ပါ။ ဒါမှ ဆံပင်ကောက်ထားလည်း အိုကေနေမှာနော်။

ခေါင်းလျှော်ရည်

ခေါင်းလျှော်ရည်

Treatment

Treatment လုပ်တာမျိုးတွေ မမေ့ထားသင့်ပါဘူး။ ဆံပင်ကောက်ပြီး အမြဲတမ်း  အခွေလေးရှိချင်တယ်ဆိုရင်တော့ Treatment လုပ်ဖို့ လိုပါတယ်။ အနည်းဆုံးတော့ ဆိုင်မှာ ပေါင်းတင်တာမျိုးပေ့ါ။ ဒါဆိုရင် ဆံသားတွေ ပျက်စီးတာ သိပ်မကြုံရနိုင်ပါဘူး။

အကောက်ဆီသုံးတာ

Digital ကောက်ထားတယ်ဆိုရင်တော့ ကောက်ထားတဲ့ဆံပင်အတွက် သီးသန့်ထုတ်ထားတဲ့ ဆီ ဒါမှမဟုတ် ဂျယ်လ် ရွေးသုံးပေးနော်။ ဒါမှ ခေါင်းလျှော်ပြီးတိုင်း အကောက်ဆီလေးနဲ့ ဆံပင်လေးတွေကောက်ကြောင်းပေါ်အောင် ပြန်ဖြစ်မှာ။

ပုံသွင်း

ပုံသွင်း

ပုံသွင်း

ဆံပင်ကောက်ထားပြီး ဘီးစိပ်နဲ့တော့ သွားမဖြီးလိုက်နဲ့နော်။ အကောက်တွေ ပြန်ပြေသွားလိမ့်မယ်။ ခဏလေးနဲ့ မပြေရင်တောင် ခပ်ကြာကြာတော့ မခံတော့ဘူးပေါ့လေ။ ဒါမို့ ဆံပင်ကောက်သားနေရာတွေကို ဘီးအကျဲ ဒါမှမဟုတ် လိပ်ဘီးအလိမ်တွေနဲ့ ဖြီးပါ။ ဒါဆိုရင် ပုံကျကျလေးနဲ့ ပိုလှနေမှာ။ ဆံပင်ဖြောင့်တုန်းက ဘီးလေးနဲ့ အမြဲဖြီးပြီး ပုံကျကျလေးဖြစ်အောင် လုပ်ခဲ့သလိုပဲ ကောက်ပြီးရင်လည်း အမြဲပုံသွင်းဖို့ လိုပါတယ်။ ဘီးတွေနဲ့ သေချာ ဖြီးတာမျိုး မဟုတ်ရင်တောင် လက်နဲ့ အကောက်ပုံစံ ဖြစ်အောင် လုပ်တာမျိုးပေ့ါ။

ချစ်တို့ရေ ဆံပင်လေးကောက်ထားတယ်ဆိုရင် ဒီအချက်လေးတွေ ဂရုစိုက်ပေးဖို့ လိုတယ်နော်။ ဒါမှ ကိုယ့်ဆံသားလေးတွေ မပျက်စီးဘဲ အကောက်ပုံစံကျပြီး လှမှာပါ။

Tags: cury hairhair

Comments

0 comments