Advertisement

ချစ်တို့ရေ Skin care သုံးတော့မယ်ဆိုရင် တိုနာက ဘာလို့ အဓိက ကျလဲဆိုတာ သိထားသင့်တယ်နော်။

Skin care လုပ်တဲ့သူတိုင်းကို မေးကြည့်လိုက်ရင်  Skin care နဲ့ပတ်သက်ပြီး အရင်ဆုံး ဖြေပေးကြမှာ တိုနာပါပဲ။ ဘာမှမလိမ်းရင်တောင် တိုနာလောက်တော့ လိမ်းဖြစ်တယ်ဆိုတာမျိုးပေါ့။  Skin care လုပ်ပြီဆိုရင်လည်း မျက်နှာအတွက် တကယ်အရေးကြီးတဲ့ အဆင့်တွေထဲမှာ  တိုနာက မဖြစ်မနေ ပါဝင်ပါတယ်။  ချစ်တို့ရေ တိုနာက ဘာလို့  Skin care အဆင့်တွေထဲမှာ အရေးအကြီးဆုံး ဖြစ်ရသလဲဆိုတာ ပြောပြမယ်နော်။

ချွေးပေါက် ကျဥ◌်းစေတယ်

တိုနာကို အများစု ရွေးချယ်ကြတဲ့ အကြောင်းအရင်းကတော့ ချွေးပေါက်ကျဥ◌်းစေတာကြောင့်ပါပဲ။ တိုနာ လိမ်းပေးတာက မျက်နှာမှာ ရှိတဲ့ အဆီတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ကျဥ◌်းစေပါတယ်။ မျက်နှာ အဆီပြန်တာကို မကြိုက်တဲ့သူတွေကတော့ အဓိက တိုနာကို သုံးရမှာပါ။ အဆီပြန်တာ နည်းရင် ဝက်ခြံ ဖြစ်တာလည်း လျော့လာနိုင်ပါတယ်။

မျက်နှာသန့်ရှင်းရေး

တိုနာက ချွေးပေါက်ကျဥ◌်းစေတာမို့ အပြင်က ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ အရေပြားအတွင်းကို မဝင်လာအောင် တားပေးပါတယ်။ နောက်ပြီး မျက်နှာသစ်ပြီးနောက် တိုနာကို ဂွမ်းစနဲ့ သုံးမယ်ဆိုရင် မျက်နှာမှာ ကျန်ရှိနေသေးတဲ့ အညစ်အကြေးလေးတွေ ပါလာတာကို သိနိုင်မှာပါ။ တိုနာသုံးရင် မျက်နှာသစ်ပြီးနောက် ကျန်ရှိတဲ့ အညစ်အကြေးလေးတွေကိုတောင် ဖယ်ရှားပေးနိုင်တာမို့ မျက်နှာရဲ့ သန့်ရှင်းရေးကို စိတ်ချလို့ ရပါတယ်။

glamderm.com

အသားအရေ ကြည်လင်စေတယ်

ချစ်တို့ Glow Skin ရချင်တယ်ဆိုရင် တိုနာကို မဖြစ်မနေ သုံးပေးဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ တိုနာက အဆီပြန်တာကို ထိန်းချုပ်ပေးတဲ့အပြင် အသားအရေကို ကြည်လင်လန်းဆန်းစေလို့ပါ။ နောက်ပြီး တိုနာ လိမ်းပြီး တခြားအဆင့်တွေ ထပ်လိမ်းတဲ့အခါမှာလည်း ကောင်းကောင်းစုပ်ယူနိုင်အောင် စွမ်းဆောင်ပေးတာမလို့ပါ။

glamderm.com

မျက်နှာရေဓါတ်ကို ညှိပေးတယ်

ချစ်တို့ရဲ့ မျက်နှာလေး ကြည်ကြည်လင်လင် ရှိနေဖို့တာ မျက်နှာမှာ ရှိတဲ့ ရေဓါတ်ပမဏ ကောင်းမွန်နေမှ ဖြစ်မှာပါ။ တိုနာက မျက်နှာမှာ ရှိရမယ့် ရေဓါတ်ပမာဏကို ပြန်ဖြည့်ပေးနိုင်တဲ့ ပစ္စည်းတစ်မျိုးပါ။ ချစ်တို့ clay mask တွေ ကပ်တဲ့အခါ မျက်နှာက ရေဓါတ်ဆုံးရှုံးလိုက်ရတာတွေ ရှိပါတယ်။ အဲဒီအခါ မျက်နှာအတွက် ရေဓါတ်ပမာဏ ပြန်ဖြည့်ဖို့တိုနာက လုပ်ဆောင်ပေးမှာပါ။

 

Tags: skincaretoner

Comments

0 comments