Advertisement

ဆံပင်တွေ ဘယ်လောက်ကျွတ်သလဲဆိုရင် ဆံကျွတ်စတွေ ပြန်ရောင်းရင်တောင် ဝင်ငွေတွေ အများကြီး ရပြီး ချမ်းသာနေပါပြီဆိုတဲ့ ချစ်တို့ လိုက်နာသင့်တယ်နော်။

ဆံပင်တွေ ဘယ်လောက်ကျွတ်သလဲဆိုရင် ဆံကျွတ်စတွေ ပြန်ရောင်းရင်တောင် ဝင်ငွေတွေ အများကြီး ရပြီး ချမ်းသာနေပါပြီဆိုတဲ့ သူတွေ ရှိကြလားဟင်။ တစ်နေ့တစ်နေ့ ဆံပင်တွေကျွတ်လွန်းလို့ ကျွတ်စတွေ သိမ်းရတာက အလုပ်တစ်လုပ်ပဲလေ။ အဲဒီလို ဘဝကနေ ကျွတ်ချင်ပြီဆိုရင်တော့ ဆံပင်ကျွတ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေ ရှိတယ်နော်။

ဆံပင်ဘာလို့ ကျွတ်လဲ

ဆံပင်ကျွတ်တာကို မကုသခင်မှာ ဆံပင်ဘာလို့ ကျွတ်လဲဆိုတာ သိထားဖို့ လိုပါတယ်။ ဆံပင်ကျွတ်စေတဲ့ အကြောင်းအရာတွေကို ရှောင်လိုက်မှ ဆံပင်တွေ ဆက်တိုက် မကျွတ်တော့မှာလေ။ ချစ်တို့ရေ ကိုယ်ဝန်တားဆေး သောက်တာကလည်း ဆံပင်ကျွတ်စေနိုင်တဲ့ အချက်တစ်ချက်ပဲနော်။ ဆေးကြောင့် ဟော်မုန်းမညီမျှတာတွေ ဖြစ်ပြီး ဆံပင်ကျွတ်စေနိုင်ပါတယ်။ နောက်ပြီး ဆံပင်အရောင် ခဏခဏဆိုးတာ၊ ကောက်လိုက်ဖြောင့်လိုက် လုပ်တာတွေကလည်း ဆံပင်ကျွတ်စေပါတယ်။ ဥ◌ီးရေပြားကို သန့်ရှင်းအောင် မထားတာနဲ့ ဗောက်လိုမျိုး ရှိနေတာတွေပေါ့။

မကျွတ်အောင် ဒီလိုနေပါ

(၁) ဆီတစ်မျိုးမျိုးလိမ်းပါ

ဆံပင်ကျွတ်တာ နည်းလာအောင် ဥ◌ီးရေပြားကို ဂရုစိုက်ဖို့ လိုပါတယ်။ ဥ◌ီးရေပြား အစိုဓါတ်ရနေအောင် ဆီတစ်မျိုးမျိုး လိမ်းထားပါ။ သံလွင်ဆီ အုန်းဆီ အစရှိသလိုမျိုးပေါ့။ အဲဒါဆိုရင် ဥ◌ီးရေပြား ခြောက်သွေ့တာတွေ မဖြစ်တော့ဘဲ ဆံပင်ကျွတ်တာ သက်သာလာမှာပါ။

(၂) အာဟာရဓါတ် လုံလောက်အောင် စားပါ

အစားအသောက်တွေကလည်း ဆံပင်အတွက် အထောက်အကူပြုတယ်နော်။ မြေပဲ၊ ငါး စားပေးပါ။ ပရိုတင်း ပါဝင်တဲ့ အစားအစာတွေက ဆံပင်ကျွတ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ဗီတာမင်အီးနဲ့ ဘီ လုံလောက်အောင် စားပါ။

http://hair-oiling.com

 

(၃) အားပျော့တဲ့ ခေါင်းလျှော်ရည် သုံးပါ

ခေါင်းလျှော်ရည်တွေကလည်း ဓါတုပစ္စည်းပါတာမလို့ ဆံပင်ကျွတ်တာတွေ ဖြစ်စေနိုင်တယ်နော်။ အားပြင်းတဲ့ ခေါင်းလျှော်ရည်တွေက ဆံသားတွေကို ထိခိုက်စေပြီး ကျွတ်စေတာပါ။ ဒီတော့ ကိုယ်က ပျော့တဲ့ ခေါင်းလျှော်ရည်တွေ၊ သဘာဝနဲ့ အနီးစပ်ဆုံး ထုတ်ထားတဲ့ ပစ္စည်းကိုသာ ရွေးသုံးပါ။

(၄) လေ့ကျင့်ခန်း လုပ်ပါ

ဆံပင်ကျွတ်တာနဲ့ လေ့ကျင့်ခန်းနဲ့ ဘာဆိုင်လဲလို့ တွေးနေပြီမလား။ တကယ်တော့ ဆိုင်တယ်နော်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ချွေးထွက်ပြီး စိတ်ဖိစီးမှု ပြေစေပါတယ်။ ဒါက ဟော်မုန်း ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ အဲဒီတော့ ဟော်မုန်းကြောင့် ဆံပင်ကျွတ်တာမျိုး မရှိတော့ဘူးပေါ့။ ချွေးထွက်စေမယ့် လေ့ကျင့်ခန်းလေး တစ်မျိုးလောက် လုပ်နော်။

http://hair-oiling.com

(၅) ကိုယ့်ဆံသားနဲ့ ကိုက်တဲ့ ပစ္စည်းသုံးပါ

ဆံသားမှာ ခြောက်သွေ့တာ၊ အဆီပြန်တာ၊ကြမ်းတာ အစရှိသလိုတွေ အမျိုးအစား ကွဲတယ်လေ။ အဲဒီလိုပဲ ဆံပင်နဲ့ ဆိုင်တဲ့ ကုန်ပစ္စည်းတွေမှာလည်း ဆံသားပေါ် မူတည်ပြီး ကွဲပါတယ်။ ကိုယ့်ဆံသားနဲ့ ကိုက်တဲ့ ပစ္စည်းရွေးသုံးမှ ဆံပင်ကျွတ်တာ ရပ်မှာပါ။

 

Tags: beauty tiphairloss hair

Comments

0 comments