Advertisement

ပန်းရောင်လေးတွေဆိုရင် ကိုယ့်ဆီမှာ မဲသွားတာမျိုး ရှိလို့ အရမ်းစိတ်ညစ်ရမှာပါ။ ဒီလိုမဖြစ်ရအောင် ဘာတွေလုပ်မလဲ ပြောပြမယ်နော်။

ချစ်တို့ရေ နှုတ်ခမ်းနီ ဆိုးတဲ့အခါ ကိုယ့်နှုတ်ခမ်းပေါ် ရောက်မှ အရောင်ပြောင်းသွားပြီး မဲသွားတာ ညစ်သွားတာမျိုး သတိထားမိရဲ့လား။ နှုတ်ခမ်းနီရဲ့ အရောင်က နှုတ်ခမ်းရဲ့ အသားအရေပေါ် မူတည်ပြီး အရောင်ပြောင်းတတ်ပါတယ်။ သူများတွေအတွက် အရောင်က နုပေမယ့် ကိုယ့်နှုတ်ခမ်းပေါ်ရောက်မှ အရောင်ရင့်သွားပြီး မျှော်လင့်ထားသလို မဖြစ်လာတာမျိုးပေါ့။ ပန်းရောင်လေးတွေဆိုရင် ကိုယ့်ဆီမှာ မဲသွားတာမျိုး ရှိလို့ အရမ်းစိတ်ညစ်ရမှာပါ။ ဒီလိုမဖြစ်ရအောင် ဘာတွေလုပ်မလဲ ပြောပြမယ်နော်။

ရေများများသောက်ပါ

နှုတ်ခမ်းအသားအရေ ကောင်းမွန်ဖို့အတွက် ရေများများသောက်ပါ။ ရေများများ သောက်ပေးတာက နှုတ်ခမ်းခြောက်တာ နှုတ်ခမ်းကွဲတာနဲ့ နှုတ်ခမ်းနာတာတွေ မဖြစ်စေပါဘူး။ အနည်းဆုံး တစ်နေ့ကို ရေ(၁) လီတာလောက်တော့ ကုန်အောင် သောက်ပေးပါ။

နှုတ်ခမ်းသားကို စိုအောင် ထားပါ

နှုတ်ခမ်းသားကို စိုအောင် ထားဖို့ လိုပါတယ်။ နှုတ်ခမ်းသား စိုနေအောင်လို့ သံလွင်ဆီ လိမ်းပေးတာမျိုး၊ ပျားရည် လိမ်းတာမျိုးတွေ လုပ်ပေးပါ။ ဒါမှမဟုတ်ရင်လည်း Lip Balm လေးတွေ ညအိပ်ခါနီးတိုင်း လိမ်းပေးပါ။ နှုတ်ခမ်းသား စိုအောင် ထားမယ်ဆိုရင် နှုတ်ခမ်းအသားအရေ ကောင်းလာပြီး နှုတ်ခမ်းနီရဲ့ အရောင်ထွက်အတိုင်း ရမှာပါ။

အရောင်လှလှလေး ထွက်အောင်

အရောင်လှလှလေး ထွက်အောင်

 

နှုတ်ခမ်းသန့်ရှင်းရေး

မျက်နှာနဲ့ ခန္ဓာကိုယ်အသားအရေကိုပဲ သန့်ရှင်းရေး လုပ်ကြပြီး နှုတ်ခမ်းသန့်ရှင်းရေးကိုတော့ မေ့နေတတ်ကြတယ်မလား။ နှုတ်ခမ်းသားလေးတွေ သန့်ရှင်းနေအောင်လို့ Lip cleanser သုံးပြီး သန့်ရှင်းရေး လုပ်ပေးပါ။ နှုတ်ခမ်းနီ ဆိုးဆိုး မဆိုးဆိုးပေါ့။ ဒါမှ နှုတ်ခမ်းသားလေးက ဖုန်မှုန့်တွေနဲ့ မညစ်ပတ်နေတော့မှာပါ။

နှုတ်ခမ်းသန့်ရှင်းရေး

နှုတ်ခမ်းသန့်ရှင်းရေး

Lip scrub

နှုတ်ခမ်းအသားအရေ မညစ်နေစေဖို့အတွက် Lip scrub လေး လုပ်ပေးပါ။ ဆဲလ်သေတွေ မရှိဘူးဆိုရင် နှုတ်ခမ်းသားလေးက အိစက်ပြီး စိုပြေနေမှာပါ။ ဒါဆိုရင် နှုတ်ခမ်းသားအရောင်လည်း ကြည်လင်ပြီး ပန်းနုရောင် သမ်းလာမှာပါ။ နှုတ်ခမ်းအတွက် သီးသန့် ထုတ်တဲ့ Lip scrub လေးတွေ သုံးပေးပါ။

နှုတ်ခမ်းသားအတွက် ကောင်းတဲ့ နှုတ်ခမ်းနီကိုသာ သုံးပါ

ကိုယ့်နှုတ်ခမ်းသားအရောင် ကောင်းချင်တယ်ဆိုရင်တော့ အရည်အသွေး မမီတဲ့ နှုတ်ခမ်းနီတွေ မဆိုးဖို့ လိုပါတယ်။ နှုတ်ခမ်းနီ မကောင်းဘူးဆိုရင် ကိုယ့်နှုတ်ခမ်းသား အရောင်ပြောင်းနိုင်ပါတယ်။ ပျက်လည်းပျက်စီးသွားနိုင်ပါတယ်။

ချစ်တို့ရေ နှုတ်ခမ်းနီဆိုးတိုင်း အရောင်လှလှလေး ထွက်အောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ ပြောပြပေးလိုက်ပါတယ်နော်။

Tags: lip carelipstick

Comments

0 comments