Advertisement

ချစ်တို့ရေ ကိုယ့်မျက်နှာမှာ ဝက်ခြံတွေ တောက်လျှောက် ပေါက်နေတယ်ဆိုရင် ဒီအချက်တွေ လုပ်မိနေလား ပြန်စစ်ကြည့်ပါဦ။

ကိုယ့်မျက်နှာကို ဘယ်လောက်ပဲ ဂရုစိုက်စိုက် ဝက်ခြံနဲ့ ကင်းကွာသွားတဲ့နေ့ဆိုတာမျိုး ရှိကို မရှိဘူး ဖြစ်နေလား။ စကင်ကဲတွေ လုပ်နေပေမယ့်လည်း ဝက်ခြံတွေ ထွက်တာ မရပ်တန့်ဘူးဆိုရင်တော့ အကြောင်းရင်းကို အဖြေရှာကြည့်သင့်ပြီနော်။ မျက်နှာမှာ ဝက်ခြံတွေ အဆက်မပြတ်ထွက်အောင် ဘာတွေလုပ်မိနေလဲ သိရအောင် ဖတ်ကြည့်ရအောင်။

စိတ်ဖိစီးမှု များတာ

မျက်နှာကို ဘယ်လောက်ပဲ စကင်ကဲတာတွေ လုပ်လုပ် စိတ်ဖိစီးမှုတွေ များနေတယ်ဆိုရင် ဝက်ခြံထွက်တာကို ရပ်တန့်နိုင်မှာ မဟုတ်ပါဘူးနော်။ စိတ်ဖိစီးမှု များတဲ့ခါ ဟော်မုန်းတစ်မျိုးထွက်ပြီး ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံ ထွက်စေလာတာပါ။ တတ်နိုင်သလောက် စိတ်ဖိစီးမှု လျှော့ချပါ။

https://www.lifestyleasia.com/

ရေများများမသောက်တာ

ဝက်ခြံအထွက်နည်းချင်တယ်ဆိုရင် ရေဓါတ်ပြည့်ဝဖို့ လိုပါတယ်။ မျက်နှာမှာ လိုအပ်တဲ့ အစိုဓါတ် ရဖို့လိုသလို ခန္ဓာကိုယ်ကနေလည်း ရေဓါတ်လုံလုံလောက်လောက် ရရှိဖို့ လိုပါတယ်။ တစ်နေ့ကို ရေသန့်ဗူးတစ်ဗူးတော့ ကုန်အောင်သောက်ပေးပါ။

မျက်နှာကို လက်နဲ့ထိလွန်းတာ

ဝက်ခြံသမားအများစုက မျက်နှာကို လက်နဲ့ကိုင်တာကြောင့် ပိုပိုဆိုးလာရတာပါ။ ကိုယ့်ရဲ့ လက်ချောင်းတွေက အမြဲတမ်း ရာနှုန်းပြည့် မသန့်ရှင်းနေနိုင်ပါဘူး။ ချစ်တို့ လက်နဲ့ထိမိတိုင်း ဘက်တီးရီးယားတွေ မျက်နှာပေါ် ပို့သလို ဖြစ်ပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ။ နောက်တစ်ခုကတော့ လက်နဲ့ညှစ်တာပါ။ ဒါက သက်သာသွားတယ်လို့ ထင်ရပေမယ့် ရောင်ရမ်းတာတွေနဲ့ အမာရွတ်တွေပဲ ကျန်ခဲ့မှာပါ။

မိတ်ကပ်သေချာမဖျက်တာ

မိတ်ကပ်လိမ်းတတ်တဲ့သူဆိုရင် မိတ်ကပ်တွေ သေချာဖျက်ဖို့လည်း လိုပါတယ်။ မိတ်ကပ်တွေ သေချာမဖျက်ဘူးဆိုရင် ချွေးပေါက်တွေ ပိတ်ပြီး အဆီခဲ၊ အဆီဖုနဲ့ ဝက်ခြံတွေ ထွက်လာတတ်ပါတယ်။ ဒါကြောင့် မိတ်ကပ်သေချာဖျက်ပြီး မျက်နှာကို သေချာသန့်အောင် သစ်ပေးဖို့ လိုပါတယ်။ ဒါမှ ကိုယ့်မျက်နှာမှာ ဝက်ခြံကင်းမှာ။

https://www.lifestyleasia.com/

သားဆက်ခြားဆေး

ကိုယ်က သားဆက်ခြားဆေး သောက်နေတာမျိုး ရှိတယ်ဆိုရင်လည်း ဟော်မုန်းအပြောင်းအလဲ ဖြစ်ပြီး ဝက်ခြံထွက်လာတာမျိုး ရှိတတ်ပါတယ်။ မိန်းကလေးတိုင်းတော့ မဖြစ်ကြပေမယ့် တချို့မှာတော့ ရှိတတ်ပါတယ်နော်။ ဒီအချက်ကိုလည်း ပြန်စစ်ကြည့်ဖို့ လိုပါတယ်။

 

Tags: acnebeauty

Comments

0 comments