Advertisement

ချစ်တို့ရေ ဆောင်းတွင်းမှာ ကိုယ့်နှုတ်ခမ်းသားလေး ခြောက်သွေ့နေတာမျိုး မဖြစ်ချင်ရင် အခုပြောပြထားတဲ့ အချက်လေးတွေ လုပ်ကြည့်နော်။

ပြီးပြည့်စုံတဲ့ မိတ်ကပ်အလှ ရဖို့ဆိုတာ နှုတ်ခမ်းရဲ့ အလှအပလည်း လိုအပ်တယ်နော်။ နှုတ်ခမ်း လှနေဖို့ဆိုတာ နှုတ်ခမ်းရဲ့ ကျန်းမာရေး ကောင်းဖို့ လိုပါတယ်။ နှုတ်ခမ်းအသားအရေ မကောင်းဘူးဆိုရင် နှုတ်ခမ်းလှလှလေး ဘယ်ဟုတ်တော့မလဲနော်။ ဒီလိုမျိုး လှတဲ့ နှုတ်ခမ်းလေး ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာ ပြောပြမယ်နော်။

Scrub

နှုတ်ခမ်းသားလေးတွေ နူးညံ့ပြီး အစိုဓါတ် အပြည့်ရှိနေစေဖို့ဆိုရင် Scrub လုပ်ပေးဖို့ လိုပါတယ်။  တပတ်ကို (၂) ကြိမ်လောက် လုပ်ပေးပါ။ သကြားလေးနည်းနည်းနဲ့ ပျားရည်ကို ရောပြီး နှုတ်ခမ်းမှာ သုတ်ပါ။ ပြီးရင် လက်လေးနဲ့ အသာအယာ ပွတ်ပေးပါ။ ဆဲလ်သေတွေ ကင်းသွားပြီး နှုတ်ခမ်းမည်းတာတွေ မရှိတော့ဘဲ ပျားရည်ရဲ့ အစိုဓါတ်ကြောင့် နှုတ်ခမ်းသားလေး နူးညံ့နေမှာပါ။

နှုတ်ခမ်းသားလေးတွေ မခြောက်နေအောင်

 နှုတ်ခမ်းသားတွေ ခြောက်နေမယ်ဆိုရင် အဖတ်တွေ ကွာတာ၊ နှုတ်ခမ်းသား အသားအရေ မညီတာ၊ ကွဲတာတွေ ဖြစ်နေမှာပါ။ ဒီလိုမျိုးတွေ ဖြစ်နေရင် နှုတ်ခမ်းနီ ဆိုးရတာ ခက်သလို နှုတ်ခမ်းသားလေးက စိုစိုအိအိ တပြေးညီတည်း ရှိနေမှာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့အတွက် ရေများများ သောက်ဖို့ လိုသလို နှုတ်ခမ်းအတွက် သီးသန့် Moisture လိမ်းပေးဖို့လည်း လိုပါတယ်။ နှုတ်ခမ်းသားလေး စိုလေ ကောင်းလေပါပဲ။

နှုတ်ခမ်းကို ဘယ်လိုဂရုစိုက်မလဲ

နှုတ်ခမ်းကို ဘယ်လိုဂရုစိုက်မလဲ

နှုတ်ခမ်းပင်ကိုယ်အရောင်

နှုတ်ခမ်းနီ အရောင်က ကိုယ့်ရဲ့ နဂိုရှိရင်းစွဲ နှုတ်ခမ်းသားရဲ့အရောင်ပေါ် မူတည်ပြီး အရောင်ထွက် ကွာပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားက ညိုနေတာမျိုး မဖြစ်အောင် ကြိုတင်ဂရုစိုက်ထားဖို့ လိုပါတယ်။ နှုတ်ခမ်းသားလေးက ပန်းရောင်လေး ဖြစ်နေရင် အကောင်းဆုံး မဟုတ်လားနော်။ နှုတ်ခမ်းမှာ ရှိတဲ့ Dead cell တွေ ဖယ်တာမျိုး လုပ်ထားပါ။ နောက်ပြီး ပန်းရောင်ဖြစ်စေတဲ့ Lip balm လေး ဆိုးအိပ်တာမျိုး လုပ်ပါ။ ဒါဆိုရင်တော့ နှုတ်ခမ်းပင်ကိုယ်အရောင် လှလာနိုင်ပါတယ်။

Scrub

Scrub

နှုတ်ခမ်းကို လျှာနဲ့ မသပ်ပါနဲ့

ချစ်တို့ နှုတ်ခမ်းခြောက်တဲ့အခါ လျှာနဲ့ တံတွေးပေါင်းစပ်ပြီး နှုတ်ခမ်းကို သပ်လေ့ရှိတယ်မလား။ အဲဒါက ခဏတာ နှုတ်ခမ်းသားလေးတွေ စိုအိသွားသလို ခံစားရပေမယ့် တကယ်တမ်းတော့ တံတွေးမှာ ပါဝင်တဲ့ အက်ဆစ်က နှုတ်ခမ်းသားတွေကို ခြောက်သွေ့စေတတ်တာကြောင့်ပါ။ ဆောင်းတွင်းမှာဆို ပိုဆိုးမယ်လေနော်။

ချစ်တို့ရေ ဆောင်းတွင်းမှာ ကိုယ့်နှုတ်ခမ်းသားလေး ခြောက်သွေ့နေတာမျိုး မဖြစ်ချင်ရင် အခုပြောပြထားတဲ့ အချက်လေးတွေ လုပ်ကြည့်နော်။

Tags: carelips

Comments

0 comments