Advertisement

ချစ်တို့ရေ ကိုယ့်ခန္ဓာကိုယ်နဲ့ မျက်နှာအတွက် Scrub လုပ်သင့်တာမလို့ ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲဆိုတာလည်း သိထားဖို့ လိုတယ်နော်။

ချစ်တို့ရေ တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်တယ်ဆိုရင်တော့ မျက်နှာတင်မက ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ပေးဖို့ လိုတယ်နော်။ ခန္ဓာကိုယ် အရေပြားမှာ ဂျေးညှော် ကင်းမယ့်အပြင် အရေပြား ပြဿနာတွေလည်း ဝေးမှာပေါ့။ နောက်ပြီး အသားအရေလေးလည်း ကြည်လင်တောက်ပနေမှာမလို့ ဘယ်လိုအင်္ကျီအရောင် ဒီဇိုင်းလေးပဲ ဝတ်ဝတ် အဆင်ပြေတယ်လေနော်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုလာစေတယ်

ချစ်တို့ရေ Scrub လုပ်တာနဲ့ ယုံကြည်မှုနဲ့ ဘာဆိုင်လို့လဲလို့ မေးစရာ ရှိပေမယ့် ကိုယ့်ခန္ဓာကိုယ်မှာ ချေးတွေ မရှိဘူး အဆီပြန်သလို ကပ်စေးစေးကြီး မဖြစ်ဘူးလို့ ခံစားနေရတာက ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရစေပါတယ်။ နောက်ပြီး သန့်ရှင်းသွားတယ်လို့ ခံစားရပြီး မျက်နှာနဲ့ ခန္ဓာကိုယ် အသားအရေ ကြည်လာလို့ ပိုပြီး ပျော်ရတယ်လေနော်။

ဝက်ခြံအမာရွတ်

ကျောဘက်မှာဖြစ်ဖြစ် ဝက်ခြံအမာရွတ်တွေ ရှိတယ်ဆိုရင် Scrub လုပ်တာက အမာရွတ်တွေတဖြည်းဖြည်း ပါးလာပြီး ပျောက်သွားတာမျိုးအထိ စွမ်းဆောင်ပေးနိုင်တယ်နော်။ ဝက်ခြံအမာရွတ်တွေကို Exfoliation  လုပ်ပေးလိုက်သလိုမျိုးပေါ့။

ရေဓါတ်ပိုရစေတယ်

Scrub လုပ်ပြီးသွားတယ်ဆိုရင် ချွေးပေါက်တွေ သန့်စင်စေတာမို့ Scrub လုပ်ပြီးနောက်မှာ လိမ်းတဲ့ Moisture တွေကို ပိုပြီး စုပ်ယူနိုင်ပါတယ်။ ဒီတော့ အစိုဓါတ် ရေဓါတ်တွေ ပိုရတာမလို့ အသားအရေ ပိုကောင်းလာမှာ အသေအချာပါပဲ။

စိတ်ဖိစီးမှုတွေ ပြေလျော့စေတယ် (photo: www.aveeno.com/)

စိတ်ဖိစီးမှုတွေ ပြေလျော့စေတယ်

Scrub လုပ်တာက ခန္ဓာကိုယ်ကို နှိပ်နယ်ပေးသလို ဖြစ်တာမို့ Relax ဖြစ်စေပါတယ်။ ခန္ဓာကိုယ် အနှံ့ Scrub လုပ်တာက သွေးလည်ပတ်မှုကို အားကောင်းစေတာမို့ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုတွေ ပြေပျောက်စေမယ့် အိမ်တွင်းကုသနည်း တစ်ခု ဖြစ်လို့ Scrub လုပ်သင့်တယ်နော်။

ဆဲလ်သေတွေ ဖယ်ရှားပေးခြင်း

ချစ်လေးတို့ရေ Scrub သုံးတာက ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတာမို့ အသားအရေ ညစ်ညမ်းတာတွေ မရှိစေနိုင်ပါဘူးနော်။ ဆဲလ်သေတွေ ဖယ်ရှားပြီး ဆဲလ်အသစ်တွေ ပြန်ဖြစ်ပေါ်စေတာမို့ အသားအရေအတွက် ကောင်းမွန်စေပါတယ်။

ကြည်လင်စေတယ်

ကြည်လင်စေတယ် (photo: www.aveeno.com/)

ကြည်လင်စေတယ်

မျက်နှာတင် မဟုတ်ဘဲ ခန္ဓာကိုယ်ပါ ကြည်လင်တောက်ပချင်တယ်ဆိုရင်တော့ Scrub လုပ်ဖို့ လိုတယ်နော်။ ဒါမှ ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ အဆီတွေ၊ ချေးညှော်တွေ၊ ဆဲလ်သေတွေ မရှိတော့မှာမို့ အသားအရေ ကြည်လင်စေမှာပါ။ အဲဒီလိုမှလည်း အသားအရေက ကြည့်ကောင်းမှာလေနော်။

ချစ်တို့ရေ ကိုယ့်ခန္ဓာကိုယ်နဲ့ မျက်နှာအတွက် Scrub လုပ်သင့်တာမလို့ ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲဆိုတာလည်း သိထားဖို့ လိုတယ်နော်။

Tags: Scrubskin care

Comments

0 comments