Advertisement

 ဆောင်းတွင်းရောက်ပြီဆိုရင် ခြေထောက်နဲ့ လက်တွေရော မျက်နှာမှာပါ အသားပတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ချစ်တို့ အသားအရေ ပတ်တယ်ဆိုရင် ခြေထောက် လက်နဲ့ မျက်နှာတွေမှာ တင်းတင်းကြီး ဖြစ်နေပြီး အစင်းအကြောင်းနဲ့ အကွက်တွေ ဖြစ်နေမှာပါ။ ဆောင်းတွင်း အေးအေးမှာ ဒီလိုဖြစ်နေရင် စိတ်ညစ်စရာ ကောင်းတယ်လေ။

အသားပတ်တာ

ဒီအချက်ကတော့ အရေးအကြီးဆုံးအချက်တွေထဲက တစ်ခုပါ။ အသားပတ်မယ်ဆိုရင် မျက်နှာအသားအရေက ချောမွေ့မနေဘဲ အဖက်တွေနဲ့ ကြမ်းနေတာမျိုး ရှိမှာပါ။ ဒီအခါမှာ အသားအရေ မကောင်းတာကြောင့် မိတ်ကပ်ပြင်တဲ့အခါ အဆင်မပြေတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် အသားပတ်တာမျိုး မဖြစ်အောင် ဂရုစိုက်ဖို့ လိုပါတယ်။ Moisture ပါတာတွေ လိမ်းဖို့ မမေ့ပါနဲ့နော်။

ရေများများ သောက်ပါ

ချစ်တို့ရေ ဆောင်းဝင်ပြီဆိုတာနဲ့ ရေများများသောက်ဖို့ သတိရပါနော်။ ရေများများ သောက်မယ်ဆိုရင် အပူကန်တာတွေ မရှိတဲ့အပြင် အသားအရေ ခြောက်တာလည်း သက်သာနိုင်ပါတယ်။ အသားအရေ စိုစိုလေး ဆိုရင် သတို့သမီးလေးတို့ မိတ်ကပ်လိမ်းရင် ပိုအဆင်ပြေတာပေါ့နော်။

Lotion လိမ်းဖို့ မမေ့ပါနဲ့

ချစ်တို့ Lotion မဖြစ်မနေ လိမ်းဖို့ လိုပါတယ်။ လိမ်းတဲ့အခါမှာလည်း လက်၊ ခြေတင် မဟုတ်ဘဲ တကိုယ်လုံး အနှံ့လိမ်းပါ။ ဝတ်စုံ က လက်မောင်းသားလေးတွေအပြင် ကျောနေရာလည်း ပေါ်နိုင်တယ်လေနော်။ ဒီတော့ အသားပတ်တာ၊ အသားခြောက်တာတွေ မဖြစ်ရအောင် နေရာအနှံ့ လိမ်းပေးနော်။ မျက်နှာအသားအရေလေး ပတ်တာတွေနဲ့ ခြောက်သွေ့တာတွေ မရှိစေဖို့ အစိုဓါတ် ရှိနေဖို့ လိုပါတယ်။ အစိုဓါတ်ထိန်းခရင် မဖြစ်မနေ လိမ်းပါ။ ရေဓါတ်ရစေမယ့် အရာတွေပေါ့။

Skin Care သေချာသုံးပါ

ဆောင်းတွင်းမှာ အသားအရေ ပိုပြီး ဂရုစိုက်ဖို့ လိုပါတယ်နော်။ မျက်နှာမှာ ရာသီဥတုကြောင့် ပျက်စီးနေတာမျိုး မဖြစ်အောင် Skin care သေချာလိမ်းပါ။ Moisture ပါတာတွေနဲ့ ရေဓါတ်ပါတာတွေ လိမ်းဖို့ မမေ့ပါနဲ့နော်။

Sunscreen လိမ်းပါ

ဆောင်းတွင်းအေးနေတာပဲ နေရောင်ခြည်ကာခရင်မ် မလိုအပ်ဘူးလို့တော့ မထင်လိုက်ပါနဲ့နော်။ အသားအရေ မခြောက်ဖို့ နေရောင်ခြည် ထိတွေ့မှု တိုက်ရိုက်မဖြစ်ဖို့ လိုပါတယ်။ အပြင်မထွက်ခင်မှာ လိမ်းဖြစ်အောင် လိမ်းပေးနော်။

ဝမ်းမှန်အောင်နေပါ

ချစ်တို့ Skin care ဘယ်လောက်ပဲ သုံးသုံး ဝမ်းမှန်မှန် မသွားဘူး၊ ဝမ်းချုပ်နေမယ်ဆိုရင် စိုပြေကြည်လင်တဲ့ အသားအရေ မရနိုင်ပါဘူး။ ဒီအချက်ကိုလည်း ဂရုစိုက်ပေးနော်။

ချစ်တို့ရေ ဆောင်းတွင်းအေးအေးမှာ အသားပတ်တာတွေကြောင့် စိတ်မညစ်ရလေအောင် ဒီလိုနည်းတွေနဲ့ ကြိုတင်ကာကွယ်ပေးထားနော်။

Tags: beautyskincarewinter

Comments

0 comments