Advertisement

ချစ်တို့ရေ ဦးရေပြား မြင်ရတဲ့အထိ ဆံပင်တွေ ကျွတ်နေပြီဆိုရင်တော့ အခု ပြောပြထားတဲ့ အချက်တွေကို ဆင်ခြင်ကြည့်ပါနော်။

ဆံပင်ကိုဂရုတစိုက်ထားတဲ့သူတွေအတွက်တော့ ဆံပင်ကျွတ်တယ်ဆိုတာ မဟာစိတ်ဆင်းရဲမှု တစ်ခုပါပဲ။ ဆံပင်ကျွတ်တာ သက်သာတယ်လို့ ပြောတဲ့ပစ္စည်းမှန်သမျှလည်း ဝယ်သုံးပေမယ့် ထင်သလောက် မသက်သာဘူး၊ ကျွတ်မြဲ ကျွတ်ဆဲပဲ ဖြစ်နေတုန်းဆိုရင် ဒီနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်လို့ ရပါသေးတယ်။

ဆံသားလေးတွေအပေါ် ကြင်နာပါ

ကိုယ့်ရဲ့ ဆံသားလေးကို ကြင်ကြင်နာနာ ဆက်ဆံပေးပါ။ ဆံပင်တွေကို အရမ်းရှုပ်ထွေးအောင် ထားပြီးမှ ခေါင်းဘီးနဲ့ အတင်းဖြီးချတာမျိုး မလုပ်ပါနဲ့။ ဆံသားတွေကို အပူပေးလွန်းတာ၊ ဖြောင့်စက်တွေ သုံးတာမျိုးတွေ လျှော့ပါ။ ဒါတွေက ဆံပင်ကျွတ်စေဖို့ အားပေးပါတယ်။ ရေသုတ်တဲ့အခါလည်း သဘက်နဲ့ ပွတ်တိုက်ပြီး သုတ်တာမျိုး ရှောင်ပါ။ ဆံသားကို ဆုပ်နယ်ပြီးတော့ပဲ သုတ်ပေးပါ။ နောက်ပြီး ဆံသားအတွက် သဘာဝအဆီတစ်မျိုးမျိုး မဖြစ်မနေ လိမ်းပေးပါ။ အုန်းဆီ သံလွင်ဆီလေးတွေ လိမ်းပေးပါ။ ဆံသားတွေကို ကြင်ကြင်နာနာ ဆက်ဆံမှ ကိုယ့်ခေါင်းမှာ ကြာကြာရှည်ရှည် နေမှာပါ။

girlsnbeauty.com

ဆံပင်ကျွတ်စေနိုင်တဲ့ အစားအသောက်တွေ

ရှိသမျှ ဆံပင်ကျွတ်တာကို သက်သာစေနိုင်တဲ့ ပစ္စည်းတွေ သုံးတာတောင် ကိုယ့်ဆံပင်ကျွတ်တာက မသက်သာသွားဘူးဆိုရင် စားတဲ့ အစားအသောက်တွေကို ပြန်ပြီး စိစစ်ကြည့်ပါ။ ဆီကြော်မုန့်တွေ၊ အသင့်စား ခေါက်ဆွဲခြောက်တွေနဲ့ အချိုမှုန့်တွေက ကိုယ့်ဆံပင် ကျွတ်ဖို့ အားပေးနေတတ်ပါတယ်။ နောက်ပြီး အချိုရည်တွေနဲ့ အချိုများများ ပါဝင်တဲ့ အစားအစာတွေကလည်း ဆံပင်ကျွတ်စေတာမို့ သတိထားပြီး လျှော့ကြည့်ပါ။

ဗီတာမင်ပြည့်ဝအောင် စားပါ

ကိုယ့်ဆံသားတွေ ကျွတ်ထွက်နေတာ မကြိုက်ဘူးဆိုရင် ဆံပင်ကျန်းမာရေးအတွက် ဗီတာမင် အေ စားပါ။ အစိမ်းရောင် အရွက် အသီးတွေအပြင် မုန်လာဥနီလိုမျိုးလည်း စားပေးပါ။ ဗီတာမင်ဓါတ်တွေ ပြည့်ဝမှ ခန္ဓာကိုယ်ထဲက သွေးလည်ပတ်မှုတွေ အားကောင်းပြီး ဦးရေပြား ကောင်းမွန်ပြီး ဆံပင်တွေ မကျွတ်အောင် ထိန်းပေးမှာပါ။

girlsnbeauty.com

 

ဖျောက်ပစ်ရမယ့် အကျင့်ဆိုးတွေ

ဆံပင်ကျွတ်တာ သက်သာချင်ရင်တော့ ဖျောက်ပစ်ရမယ့် အကျင့်ဆိုးတွေ ရှိပါသေးတယ်။ ရေများများ မသောက်တာက ဆံသားတွေနဲ့ ဦးရေပြားတွေ ခြောက်သွေ့ပြီး ဆံပင်ကျွတ်ထွက်စေပါတယ်။ နောက်ပြီး ကဖင်းပါတာတွေကလည်း ဦးရေပြား တစ်သျှူးကို ထိခိုက်စေတာမလို့ ကော်ဖီလို ကဖင်းပါတာတွေလည်း လျှော့သောက်ပါ။

 

Comments

0 comments