မှန်မှန်ကန်ကန်သဝန်တိုကြမယ်…။

by: Sandy Myo Nwe
 0 comments  4 love

ကိုယ်ချစ်တဲ့ချစ်သူကောင်လေးကို တခြားသူစိမ်းကောင်မလေးတွေနဲ့လိုက်ပီးသဝန်တိုလေ့ရှိကြပါ တယ်။ဒါသဘာဝပါ…။ဒါပေမဲ့ သဘာဝရဲ့စနက်ကြောင့်လည်းပဲ တကယ်ချစ်တဲ့သူတွေကွေကွင်းရတာမို့ တကယ်ချစ်ရင် ဘယ်လိုမျိုးမှန်မှန်ကန်ကန်သဝန်တိုကြမလဲဆိုတာကို သိသလောက်မျှဝေပေးလိုက်ပါတယ်….။

အလွန်အကျွံကြီးကို သဝန်တိုတာဟာ ကိုယ့်ရဲ့ချစ်သူကိုမယုံကြည်ရာသူ့ရဲ့ကိုယ်ကျင့်သိက္ခာကိုမလေးစားရာကျပါတယ်။ဒါ့အပြင် သဝန်တိုခြင်းမှာအတ္တတွေပါနေလို့ ချစ်သူနှစ်ဦးဟာ အမြဲပျော်ရွှငိခွင့်ရမှာမဟုတ်ဘဲပူပူလောင်လောင်အဆုံးသတ်ရတတ်ပါတယ် ။ဒါကြောင့် ကိုယ့်ချစ်သူကိုတခြားသူနဲ့တွေ့ပီဆိုရင် သဝန်တိုတာကတော့တိုပါ။

စိတ်ကိုလျော့ထားပီးအကြောင်းအရင်းအမှန်အကန်ကိုစုံစမ်းပါ။ပြီးရင် သူတခြားသူနဲ့အတူရှိနေတာကို ကိုယ်မကြိုက်ကြောင်းအခိုင်အမာပြောပါ…။လျို့ဝှက်ချက်တွေမထားဘဲဖြစ်လာတဲ့ပြသာနာတွေကိုအတူတကွရင်ဆိုင်ဖြေရှင်းကြပါ ။အဲ့လိုမှမဟုတ်ဘဲ ကိုယ့်ချစ်သူကိုအလွန်အကျွံသဝန်တိုပြီး စွပ်စွဲရမ်းကားနေရင် သူကသင့်ကိုချစ်နေသော်လည်းပဲ ငါ့ကိုမယုံကြည်လေခြင်းဆိုပြီး စိတ်နာသွားတတ်ပါတယ်။ဒါကြောင့် မှန်မှန်ကန်ကန်သဝန်တိုတတ်ကြပါစေနော်။

Comments

0 comments