မင်္ဂလာပွဲမှာ ဝင်းမွတ်နုဖတ်နေစေဖို့

by: May Shaar
 1 comments  21 love

သတို့သမီးလေးတို့ရဲ့ အရေးကြီးတဲ့နေ့လေးမှာ ကြည့်လို့လှနေစေဖို့က မိတ်ကပ်အပြင်အဆင်ဆိုပေမယ့် အသားအရည်အပြင် ဆံပင်လေးတွေပါလှနေစေဖို့ အိမ်မှာပဲ အလွယ်တကူထိန်းသိမ်းမှုလုပ်နိုင်မယ့် နည်းလမ်း ၄ခုကိုပြောပြပေးမယ်နော်

(၁) ဆံပင်ပေါင်းတင်ဖို့

မင်္ဂလာနေ့လေးမှာဆံနွယ်တွေကို တောက်ပနေဖို့ ၊ ပွယောင်းမှုမဖြစ်စေဖို့ ၊ ခြောက်သွေ့တာမျိုးမဖြစ်စေဖို့က အရမ်းအရေးကြီးပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

  • အုန်းဆီ စားပွဲတင်ဇွန်း ၁ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်း
  • ပျက်စီးမှုတွေကိုပြန်လည်ပြုပြင်ပေးတဲ့ ကြက်ဥ ၂လုံး နဲ့ ထောပတ်သီးအနှစ်
  1. ပါဝင်ပစ္စည်းတွေကို အရင်ဆုံးပန်းကန်တစ်လုံးထဲကို ထည့်မွှေပါ။
  2. မွှေထားတဲ့အရောတွေကိုပျော်ဝင်သွားအောင် အပူပေးပါ။
  3. အဲ့ဒီနောက်မှာ ဆံသားကိုလိမ်းပြီး Shower cap ဆောင်းထားပါ။
  4. ၁၅မိနစ်ခန့်ထားပြီးတဲ့နောက်မှာရေဆေးချပြီး ခောင်းလျှော်လိုက်တာနဲ့ တောက်ပ အိစက်တဲ့ ဆံသားလေးတွေကို ရရှိနိုင်မှာပါ။

(၂) အသားအရည်ဝင်းပစေဖို့

အသားအရည်ခြောက်သွေ့ခြင်းက သက်တောင့်သက်သာမဖြစ်တဲ့အပြင် အလှကုန်ပစ္စည်းအတော်များများနဲ့လည်း လိုက်ဖက်မှုမရှိတဲ့အတွက် အသားအရည်ကို အမြဲတမ်းစိုပြေဝင်းမွတ်အောင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

  • အုန်းဆီအနည်းငယ်
  • သံလွင်ဆီအနည်းငယ်
  • ပျားဖယောင်းအနည်းငယ်
  • ရေအနည်းငယ်
  1. ပထမဦးစွာ ရေကိုဆူပွက်သည်အထိကျိုပြီး အအေးခံထားပါ
  2. အိုးထဲသို့ အုန်းဆီ ၊သံလွင်ဆီနှင့် ပျားဖယောင်းကို အရည်ပျော်သည်ထိ မီးအေးအေးနဲ့ကျိုပါ။
  3. မွှေစက်ထဲသို့ ကျိုထားသောအရာ ၂ခုကိုပေါင်းထည့်ပြီး မွှေပါ
  4. ပြီးတဲ့အခါ ခွက်တစ်ခုထဲကိုထည့်ပြီး အအေးခံရပါမယ်
  5. ပြီးတဲ့နောက် ရေခဲသေတ္တာထဲမှာထားပြီး ၁လခန့်အသုံးပြုနိုင်တဲ့ lotion လေးရရှိမှာပါ။

(၃) SUGAR SCRUB

သကြားကမကောင်းတာကိုပြောနေကြပေမယ့် အသားအရည်အတွက်ဆိုရင်တော့ ခြောက်သွေ့ပြီး ဆဲလ်သေတွေကိုပါ လျော့နည်းစေဖို့ အကောင်းဆုံးက သကြားပါပဲ

  • သကြားခွက် ၁ ဝက်
  • သံလွင်ဆီ ခွက် ၁ဝက်
  • အုန်းဆီ
  1. ပါဝင်ပစွည်းတွေကို ရောမွှေပြီး ခွက်တစ်ခုထဲထည့်ထားပါ။
  2. ရေချိုးတိုင်းမှာ အသားအရည်ပေါ်ကို ပွတ်လိမ်းပေးခြင်းဖြင့် ချောမွတ် ဝင်းပတဲ့ အသားအရည်လေးရပြီပေါ့

(၄) နှုတ်ခမ်းပေါင်းတင်ဖို့

ခြောက်သွေ့အက်ကွဲတဲ့နှုတ်ခမ်းတွေကို ဘယ်သူမှမနှစ်သက်ပါဘူး။သတို့သမီးလေးတွေက ပိုလို့တောင်မနှစ်သက်ပါဘူး။

  • ပျားဖယောင်း အနည်းငယ်
  • ထောပတ်အနည်းငယ်
  • အုန်းဆီအနည်းငယ်
  1. Microwave ထဲထည့်နိုင်မယ့်ခွက်ထဲမှာ ထောပတ်၊ပျားဖယောင်းနဲ့ အုန်းဆီတို့ကို စက္ကန့်၃၀ခန့်အပူပေးပြီး နှံ့အောင်မွှေပါ။
  2. အအေးခံပြီးတဲ့နောက်မှာအသုံးပြုနိုင်ပါပြီ။

တောက်ပြောင်တဲ့ဆံပင် ၊ဝင်းမွတ်တဲ့အသားအရည် ၊ နှင်းဆီဖူးလေးလို နှုတ်ခမ်း၊ ဖြူဝင်းတဲ့မျက်နှာတို့ကို ပိုင်ဆိုင်ပြီ ဆိုရင်တော့ မင်္ဂလာပွဲနေ့မှာ ယုံကြည်မှုရှိရှိနဲ့ အရမ်းလှတဲ့ သတို့သမီးလေးဖြစ်မှာ အသေအချာပါပဲ။

Comments

0 comments