လက်တွဲဖော်အစစ်အမှန်ကို ဘယ်လိုနည်းလမ်းတွေနဲ့ သိနိုင်လဲ

by: Sapphire Lay
 0 comments  44 love

ပျိုမေတို့အပေါ်ထားတဲ့ သဘောထားမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်ပေါ်ထားတဲ့ သဘောထားကို လေ့လာပါ။ ပျိုမေတို့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံသလို ပတ်ဝန်းကျင်အပေါ်ကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ဆိုရင် ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ စဉ်းစားသင့်ပါတယ်။

ရည်းစားတွေကိုလည်း တစ်ယောက်ပြီးတစ်ယောက် ထားခဲ့တယ်။ လက်ရှိမှာ ရည်းစားတွေကများနေပြီး ဘဝလက်တွဲဖော်အဖြစ် ဘယ်သူ့ကိုရွေးချယ်ရမှန်းမသိ ဖြစ်နေနိုင်ပါတယ်။ ဘယ်လိုလူမျိုးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်လဲဆိုတာ ပြောပြပေးမယ်နော်။

“သူနဲ့ အတူရှိနေပြီဆိုရင် ပျော်ရွှင်မှုတစ်ခုကို ခံစားမိပြီလား “

ရည်းစားတွေ အများကြီးထားခဲ့ပေမယ့် ဒီတစ်ယောက်နဲ့ တွေ့တဲ့အချိန်တိုင်း ပျော်နေတတ်တယ်ဆိုရင် ဒါမှမဟုတ် သူနဲ့တွေ့တဲ့အခါတိုင်း အချိန်တွေ ဘယ်လိုကုန်သွားမှန်းမသိဘူးဆိုရင် အဲဒီတစ်ယောက်ကို စဉ်းစားပေးလိုက်ပါ။

“အချိန်ပေးပါ”

ချစ်သူနဲ့ မကြာခဏ အပြင်ထွက်လည်တာမျိုး၊ ရုပ်ရှင်အတူသွားကြည့်တာမျိုး လုပ်ပေးပါ။ ဒီလိုအချိန်ပေးပြီး အတူတူအပြင်ထွက်လည်တာက ချစ်သူကောင်လေးရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းမိနိုင်ပါတယ်။

“Date လုပ်ပါ”

Date လုပ်ကြည့်ဖို့ မပျင်းပါနဲ့နော်။ Date လုပ်ကြည့်တာက ကိုယ်နဲ့ ဝါသနာတူတဲ့ ချစ်သူကို ရှာဖွေနိုင်ပါတယ်။ ဝါသနာအသစ်တွေ တိုးလာပြီး အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။ ပျိုမေလေးတို့ရဲ့ အကြိုက်ကိုလည်း မှတ်သားထားပြီး မွေးနေ့တွေမှာ လက်ဆောင်ပေးတာမျိုး ပြုလုပ်ပြီး ပျော်အောင်ထားမှာ အသေအချာပါပဲ။

“တခြားသူတွေအပေါ် ဘယ်လိုဆက်ဆံလဲ”

ပျိုမေတို့အပေါ်ထားတဲ့ သဘောထားမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်ပေါ်ထားတဲ့ သဘောထားကို လေ့လာပါ။ ပျိုမေတို့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံသလို ပတ်ဝန်းကျင်အပေါ်ကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ဆိုရင် ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ စဉ်းစားသင့်ပါတယ်။

“သူ့သူငယ်ချင်းတွေကို လေ့လာပါ”

သူ့သူငယ်ချင်းတွေက ဘယ်လိုပေါင်းအသင်းမျိုးလဲ။ ဘယ်လိုစရိုက်ရှိလဲဆိုတာကို သိဖို့ လေ့လာတာမျိုး၊ သွားရောက်ရောနှောတာမျိုး ပြုလုပ်ဖို့ လိုအပ်ပါတယ်။ သူ့သူငယ်ချင်းတွေက သူ့တို့ကောင်မလေးတွေအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာကိုလည်း လေ့လာနေဖို့လိုပါတယ်။

ပျိုမေတို့ရေ ချစ်သူရည်းစားကို အလွယ်တကူချစ်လို့ရပေမယ့်လည်း ဘဝအတွက် လက်တွဲတော့မယ်ဆိုရင်တော့ အချစ်တစ်ခုထဲနဲ့ မလုံလောက်တော့တာကို သတိထားပေးပါနော်။

Comments

0 comments