စေ့စပ်ပြီးလက်မထပ်ခင်ကြား ပြင်ဆင်သင့်တဲ့အချက်များ

by: Mg Mg Zaw
 0 comments  0 love

စေ့စပ်ပြီးကြပြီလား? မစေ့စပ်ရသေးလဲဗဟုသုတအဖြစ်ဖတ်ထားနိုင်ပါတယ်။

ကဲ ချစ်​သူနှစ်​​ယောက်​က​စေ့စပ်​လိုက်​ပြီဆိုပါစို့။ ဒါဟာ လက်​ထပ်​ဖို့ ​ခြေတစ်​လှမ်းသာလို​တော့တယ်​ဆိုတဲ့အဓိပ္ပါယ်​ပါ။ ဒီလိုအချိန်​မှာ ဘယ်​လို​နေသင့်​လဲ ကြည့်​လိုက်​ရ​အောင်​!

သ၀န်​တိုတာကိုနည်းနည်း​လျှော့လိုက်​ပါ။

ဒါဟာ ရန်​ဖြစ်​မဲ့ပြသာနာတစ်​ခုကို​ရှောင်​ရှားနည်းဖြစ်​ပါတယ်​။ ​စေ့စပ်​အပြီးနဲ့လက်​မထပ်​ခင်​ကြားမှာ ရန်​လုံးဝမဖြစ်​သင့်​ပါဘူး။

အရာရာကိုပွင့်​ပွင့်​လင်းလင်းတိုင်​ပင်​ပါ။

ကျွန်​မက​တော့ အိမ်​အလုပ်​​တွေလုပ်​​ပေးမယ်​။ ပြင်ပအ​လုပ်​ရှိရင်​လဲ ပိတ်​ရက်​​တွေမှာ အိမ်​အလုပ်​​တွေအတူတူလုပ်​ အတူတူရှင်းကြမယ်​။

ကိုယ့်​ဘက်​ကအားနည်းချက်​​တွေကို​ပြောပြထားပါ။

ကိုယ်​ကအအိပ်​ဆိုးတာဖြစ်​ဖြစ်​ ၊ ​ယောင်​တာဖြစ်​ဖြစ်​ တစ်​ခါတည်း ကြို​ပြောထားသင့်​ပါတယ်​။

Monthly Income ကို ဘယ်​လိုသုံးစွဲမလဲစီစဉ်​ပါ။

အိမ်​စရိတ်​ကဒီ​လောက်​ ၊ နှစ်​ဖက်​မိဘကို​ထောက်​ပံ့တာကဒီ​လောက်​ ၊ ထမင်းဟင်းချက်​တာက ဒီ​လောက်​ စသဖြင့်​ စီစဉ်​ထားနိုင်​ပါတယ်​။

က​လေး ဘယ်​အချိန်​ယူမလဲဆုံးဖြတ်​ပါ။

ဒါကလဲ အ​ရေးကြီးပါတယ်​။ဒီ​ခေတ်​ထဲမှာ က​လေးတစ်​​ယောက်​စရိတ်​က မ​သေးပါဘူး။ ဒါ​ကြောင့်​ မင်္ဂ​ဆောင်​ပြီးတာနဲ့ယူမှာလား ၊ ​ဆောင်​ပြီး ​နောက်​၂နှစ်​ ၃နှစ်​​လောက်​မှ ယူမှာလား ဒီအချက်​ကိုလဲစဉ်းစားထားသင့်​ပါတယ်​။

ဒီအချက်ေ​လး​တွေက​တော့ ​စေ့စပ်​ပြီးလက်​မထပ်​ခင်​ကြား ​ပြင်ဆင်​​သင့်​တဲ့အချက်​​လေး​တွေပဲဖြစ်​ပါတယ်​။ အားလုံး ကိုယ့်​ချစ်​သူနဲ့ ​ပျော်​ရွှင်​စရာမိသားစုဘ၀​​လေးကိုပိုင်​ဆိုင်​နိုင်​ကြပါ​စေလို့ဆု​တောင်း​ပေးလိုက်​ပါတယ်​။

Comments

0 comments