အပျိုကြီးတွေရေရှည်မှာဖြစ်ပေါ်လာနိုင်တဲ့လက္ခဏာများ

by: Mg Zaw Yair
 0 comments  5 love

အိမ်ထောင်မှုရေးရာလို့ ဆိုရတဲ့ အတိုင်း အိမ်ထောင်ပြုခြင်းနောက်ကွယ်မှာ လိင်ဆက်ဆံမှုက ပါဝင်လာကြစမြဲ ဖြစ်ပါတယ် သို့ပေမယ့် လိင်ဆက်ဆံမှုက အရမ်းကို အရေးပါ အရာ ရောက်သလားဆိုတော့လဲ အဲဒီလိုတော့ မဟုတ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဆန္ဒတွေ အတွက်တော့ အရမ်းကို အထောက်အကူဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အတွက် အဓိက ပံ့ပိုးမှုတွေပေးစွမ်းနိုင်ပါတယ်

ငယ်စဉ်အခါကဆို သမီးက အပျိုကြီး လုပ်မှာ အပျိုကြီးလုပ်မှာနဲ့ ယောက်ျားရသွားတာတွေ ရှိသလို အကြောင်းအမျိုးမျိုးကြောင့် အပျိုကြီး ဖြစ်နေတဲ့ သူတွေလည်း များစွာရှိပါတယ်………

သို့သော် အပျိုကြီးတွေဆိုရင် အရမ်းဇီဇာကြောင်တာပဲ ဂဂျီဂဂျောင်နဲ့ ဘာညာဆိုတဲ့ အသံတွေကလဲ ကြားနေကြရစမြဲ ဖြစ်ပါတယ်

သူတို့ရဲ့ ထွက်ပေါက်ဆိုတာက စကားလုံးတွေကနေ စတည်ပြီး ဗျစ်တောက်ဗျစ်တောက်နဲ့ အများနဲ့မတူတဲ့ အပြုအမှုတွေဟာ ကိုယ်ကိုယ်တိုင် မသိပေမဲ့ ဖြစ်ပေါ်လို့လာပါတယ်………

အမျိုးသားများထက် အမျိုးသမီးတွေဟာ လိင်ဆက်ဆံလိုစိတ် ပြင်းပြတယ် ဆိုတာ ငြင်းလို့မရနိုင်ပါဘူး……….

ကိုယ့်ချစ်သူရဲ့ ကိုယ်သင်းရနံ့ သူအနားရှိနေရုံနဲ့တင်ကို လိင်စိတ်ဖြစ်ပေါ်နိုင်စွမ်းရှိတယ်ဆိုရင် အရမ်း အံ့သြသွားမလား……

စိတ်ဆန္ဒရှိပါရက် မြိုသိပ်ထိန်းချုပ်ထားရတဲ့ အခါ အသေးအမွှားက အစ ဒေါသထွက်လွယ်တာတွေ၊ပျော်ရွှင်မှု ပျောက်ဆုံးတာတွေ၊စိုးရိမ်စိတ် လွန်ကဲတာတွေနဲ့အရေးကြီးအရာတွေကို မေ့လွယ်တာတွေပါ ဖြစ်ပေါ်လာစေပါတယ်………

တချို့ဆို ဖုန်း password မေ့တာ၊မှတ်ပုံတင် နံပါတ် အလွယ်တကူ မမှတ်မိတာတွေအပြင် ရူးသွားတဲ့ အထိတောင် စိတ်လွတ်သွားတာမျိုးတွေ ရှိတတ်ကြပါတယ်……

သွေးသားဆန္ဒ တွေကို ထိန်းချုပ် ဟန်လုပ်နေရပေမဲ့ မကြာခဏ ဖျားတာနာတာတွေ၊ညနေစောင်းဆို ကိုယ်လက်မအီမသာ ဖြစ် နာကြင်ကိုက်ခဲမှု ဒဏ်တွေကို ရင်ဆိုင်ရလေ့ ရှိပြီး အိပ်မပျော် အိပ်ရေးပျက်တာမျိုးတွေလဲ ဖြစ်ပေါ်လာနိုင်ပါတယ်………

အပျိုကြီးတွေဆို တော်ရုံတန်ရုံ လူတိုင်းနဲ့ အဆင်ပြေနိုင်ဖို့ ခက်ခဲပြီး ဘုနဲ့ဘောက် ဟောက်တောက်တောက်တွေကြောင့်လဲ ဖြစ်ပါတယ်

အိမ်ထောင်သည် အမျိုးသမီးတွေဟာ ကလေးရပြီး ပိုမို ဝလာကြပေတယ် ဆိုပေမဲ့ လိင်စိတ်ဆံမှုမရှိတဲ့ မိန်းမသားတွေဟာ ပိုမိုဝလာနိုင်ခြေ များပါတယ်………

ဝိတ်တက်လာရင် အစားအစာတွေကြောင့်လို့ထင်နေတာ မှားပါတယ်…

စိတ်ဖိစီးမှုတွေ အလိုမကျမှုတွေ ပင်ပန်းမှုတွေ စိတ်ထွက်ပေါက်မရှိတာတွေ ထိန်းချုပ်နေရမှုတွေ  လိင်ဆက်ဆံမှု မရှိတာတွေကလဲ ဝလာနိုင်ခြေများသလို ခံတွင်းနံ့ ဆိုးရွားတာတွေ ဓမ္မတာ မမှန်တာတွေကြောင့် ဆေးဝါးမှီဝဲနေရတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်…

လိင်ဆက်ဆံမှု မရှိတဲ့ အခါ စိတ်ပိုင်းဆိုင်ရာထက် ရုပ်ပိုင်းဆိုင်ရာမှာလဲ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်

လူရယ်လို့ ဖြစ်လာပြီး လူလောက လောကဓံကို ကြံကြံခံရင်ဆိုင်ရင်း၊ကောင်းမှုကုသိုလ်ပြုရင်း သေမှ ရောက်မဲ့ နိဗ္ဗာန်ထက် လူဖြစ်လာတဲ့ အခိုက်အတံမှာတော့ နှစ်ဦးသား တယောက်နဲ့တယောက် အိမ်ထောင်မှုပြု ပြီး လူ့ဘဝမှာတင် ရရှိနိုင်တဲ့ နည်ပြည်စည်းစိမ် နိဗ္ဗာန်ကို ခံစားကြည့်လိုက်ပါ…………

Comments

0 comments