တစ်ဖက်နဲ့တစ်ဖက် လျှို့ဝှက်ချက်မထား အားနည်းချက်တွေပြောကြမယ်။ တစ်ယောက်က တောင် တစ်ယောက်က မြောက်ဆိုရင်လဲ ဖြည်းဖြည်းချင်း အချိန်ယူညှိယူရင်း ထပ်တူမကျရင်တောင် အနည်းဆုံးလမ်းမလွဲတဲ့အထိပြောင်းလဲကြမယ်။ တာဝန်တွေခွဲမယ်။ တစ်ယောက်ကထမင်းချက်ဟင်းချက်ဆိုရင် တစ်ယောက်က အိမ်သန့်ရှင်းရေးလုပ်မယ်။ တစ်ယောက်က အ၀တ်လျှော်ရင် တစ်ယောက်ကမီးပူတိုက်မယ်။
ကိုယ်မကြိုက်တဲ့အကျင့်လေးတွေကိုပြင်ခိုင်းကြမယ်။ ဖြည်းဖြည်းချင်းသွားရမှာပါ။ ၀ုန်းဒိုင်းဆိုပြီးထလုပ်လို့မရပါဘူး။ Deal သဘောမျိုးလေးသွားကြည့်ပါ။ နင်က ဂိမ်းဆော့တာလျှော့ ၊ ငါက Beauty Saloon သွားတာလျှော့မယ်။ ဒါမျိုးလေးတွေပေါ့။
နှစ်ဖက်သူငယ်ချင်းတွေလဲမိတ်ဆက်ပေးထားပါ။မြန်မာကားလုပ်ဖို့မဟုတ်ပါဘူး။ တကယ်လို့ ချစ်သူနဲ့အဆက်အသွယ်မရတဲ့အခါ သူ့သူငယ်ချင်းတွေကိုလှမ်းဆက်သွယ်လို့ရအောင်ပါ။
ဒီလိုမျိုးလေးတွေညှိထားလိုက်တဲ့အခါ နှစ်ဖက် အိမ်ထောင်ကျတဲ့အခါ အထစ်အငေါ့မရှိမှာပါ။ အိမ်ထောင်ရေးသာယာမှုပြည့်ဖို့အတွက်တော့ မယူခင်ကအတိုင်းပဲ ဆက်နေဖို့လိုအပ်ပါလိမ့်မယ်။ မိမိချစ်သူနဲ့ပျော်ရွှင်စွာပေါင်းဖက်ရပါစေလို့ဆုတောင်းရင်းနိဂုံးချုပ်ပါတယ်။ မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။
Comments