အချစ်တစ်ခုတည်းနဲ့ မလုံလောက်သေးပါ

by: Sapphire Lay
 0 comments  21 love

ပျိုမေတို့ရေ ချစ်ရတဲ့သူနဲ့ ပေါင်းဖက်ဖို့က အချစ်တစ်ခုတည်းနဲ့ မလုံလောက်သေးပါဘူးနော်။ တခြားဖြည့်တွေးရမယ့် အရာလေးတွေလည်း ရှိပါသေးတယ်။

ပျိုမေတို့ရေ ချစ်ရတဲ့သူနဲ့ ပေါင်းဖက်ဖို့က အချစ်တစ်ခုတည်းနဲ့ မလုံလောက်သေးပါဘူးနော်။ တခြားဖြည့်တွေးရမယ့် အရာလေးတွေလည်း ရှိပါသေးတယ်။ ချစ်သူကို တစ်ဘဝလုံး လက်တွဲဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ သူ့ပတ်ဝန်းကျင်၊ သူ့အသိုင်းအဝိုင်းထဲကိုလည်း ဝင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဘယ်လို ဝင်ကြည့်ရမလဲဆိုတော့ သူ့အိမ်ကို မကြာခဏ သွားလည်တာမျိုး၊ သူ့မိသားစု ခရီးထွက်ရင် ကိုယ်ပါလိုက်ပေးတာမျိုး ပြုလုပ်ပေးပါနော်။ ဒါမှလည်း ကိုယ်ဟာ သူ့မိသားစုအကြောင်း ကိုယ်နဲ့ ရေရှည်အဆင်ပြေနိုင်လားဆိုတာ ကြိုသိရမယ်လေ။ တခါတလေကျတော့ ချစ်သူကိုတော့ ချစ်ပါရဲ့ သူ့အသိုင်းအဝိုင်းထဲဝင်ဖို့ မဝံ့မရဲဖြစ်နေတတ်ပါတယ်။ အသိုင်းအဝိုင်းကြောင့် ကိုယ်ချစ်ရတဲ့သူကို လက်မလွတ်ရလေအောင် အကြံကောင်းလေးတွေ ပေးချင်ပါတယ်။

များသောအားဖြင့် ချစ်သူကောင်လေးရဲ့ ဖေဖေ(မတော်ရသေးတဲ့ ယောက္ခထီး) နဲ့ အဆင်ပြေပေမယ့် သူ့မေမေ( မတော်ရသေးတဲ့ ယောက္ခမ) နဲ့အဆင်မပြေနိုင်တဲ့ အပြုအမူတွေ၊ အပြောအဆိုတွေ နဲ့ သဘောထား မတိုက်ဆိုင်တာတွေ ကြုံရတတ်ပါတယ်။ မေမေအများစုက သားကို အရမ်းချစ်ကြတော့ သူတို့အပေါ် အချစ်လျော့သွားမှာ မလိုလားကြဘူးလေ။ ချစ်သူကောင်းလေးရဲ့ မေမေနဲ့ သဘောထား မတိုက်ဆိုင်တိုင်း သူမအပေါ် ကျေးဇူးတင်လိုက်ပါနော်။ ဘာလို့လဲဆိုတော့ ပျိုမေချစ်ရတဲ့ ချစ်သူကောင်လေးက သူမရဲ့ သားဖြစ်နေလို့ပါ။ ဒီလိုပါပဲ ချစ်သူရဲ့ အဒေါ်၊ ဦးလေး၊ အဖိုး၊ အဖွား၊ ညီမ၊ အစ်မ၊ မောင်လေးနဲ့ အကို စတဲ့ သူတို့ကိုလည်း ကျေးဇူးတင်လိုက်ပါ။ သူနဲ့ ပတ်သက်တဲ့သူတွေကို အကုန်လုံးကျေးဇူးတင်လိုက်တာက သဘောထား မတိုက်ဆိုင်တဲ့ ပြဿနာတွေ အလွန်နည်းသွားပါလိမ့်မယ်။ သူတို့အပေါ်ကိုလည်း အလေးထားကြောင်း ပြသပေးပါနော်။ ချစ်သူရဲ့ အိမ်ကိုအလည်အပတ်သွားတိုင်း အလေးထားနှုတ်ဆက်တာမျိုး၊ ကြိုက်တတ်တဲ့ အစားအသောက်တွေ ဝယ်သွားတာမျိုး၊ သူတို့စကားကို အလေးအနက်နားထောင်တာမျိုးနဲ့ ဆွေးနွေးတာမျိုးကို ပြုလုပ်ပေးပါ။

နောက်တစ်ခုက အဝတ်အစားအသွင်အပြင်ပါ။ ပျိုမေတို့ရဲ့ ချစ်သူကောင်လေးအိမ်ကို အလည်သွားတဲ့အခါ ဟော့ရှော့အင်္ကျီအဝတ်အစားတွေ ဝတ်ဆင်တာကို ရှောင်ကျဉ်ပါ။ လုံခြည်အရှည်နဲ့ မြန်မာဆန်တဲ့ အင်္ကျီလေးတွေက ချစ်သူရဲ့ မိဘအသိုင်းအဝိုင်းက ပိုပြီးလက်ခံမှာပါ။ အထူးသဖြင့် ရှေးရိုးစွဲတဲ့ အဖိုး၊အဖွားတွေ ရှိတယ်ဆိုရင်ပေါ့နော်။

ချစ်သူကောင်လေးအိမ်ကို အလည်သွားတဲ့အခါ သူတို့ကြိုက်နှစ်သက်နိုင်မယ့် အစားအသောက်လေးတွေ ဝယ်သွားတာက ချစ်သူရဲ့ ဦးဦး၊ ဒေါ်ဒေါ်၊ အစ်မနဲ့ ညီမလေးတွေက ပိုပြီးနှစ်သက်သဘောကျစေပါတယ်။ သူတို့နဲ့စကားပြောတဲ့အခါမှာလည်း ယဉ်ယဉ်ကျေးကျေးပြောတာက အမှတ်ပိုတိုးစေပါတယ်။ ချစ်သူရဲ့ ဆွေမျိုးတွေနဲ့ ထမင်းအတူတူစားတဲ့အခါ ဖုန်းသံကို တိုး ထားတာက ယဉ်းကျေးမှုကို ပြသပါတယ်။ ဒီအချက်လေးတွေက တကယ်တမ်းတွေးကြည့်မယ်ဆိုရင် ဘာမှမဟုတ်ပေမယ့် ရေရှည်မှာတော့ မရှိမဖြစ် လိုအပ်နေကြောင်းကို ပြောပြပေးလိုက်တယ်နော်။

Comments

0 comments