အဝေးရောက်ချစ်သူ LDRS လေးတွေအတွက်

by: Sapphire Lay
 0 comments  34 love

ပျိုမေတို့ရေ ချစ်သူက အဝေးမှာမို့ အထီးကျန်သလို ခံစားနေရတယ်ဆိုရင် သတိရကြောင်း message လေးတွေ ပို့ပေးပါနော်။ မွေးနေ့ သတိရဆုတောင်းပေးတာမျိုး၊ နှစ်ပတ်လည်နေ့တွေနဲ့ အတူတူလျှောက်သွားဖူးတဲ့ နေရာတွေရောက်တိုင်း သတိရတဲ့အကြောင်းကို ချစ်သူသိအောင် လုပ်ပါ။

ပျိုမေတို့ရေ ချစ်သူလေးက အဝေးမှာဆိုရင် ချိန်းတွေ့ဖို့ကလည်းမလွယ်၊ ဖုန်းပြောဖို့ကလည်း သူအားတဲ့အချိန်နဲ့ ကိုယ်အားတဲ့အချိန်က မတူ အဲဒီလိုအချိန်မှာ relationship တစ်ခုကို တည်မြဲအောင် ထိန်းဖို့ လိုလာပါပြီ။ ဒီလိုအခြေအနေမျိုးမှာ အချစ်တွေ ပိုတိုးလာအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ အကြံပေးချင်ပါတယ်။

၁။ ရစ်တာတွေ လျော့ပါ

ဘဝရှေ့ရေးအတွက် နှစ်ယောက်စလုံး တစ်ယောက်တစ်နေရာစီ ရုန်းကန်နေရချိန်မှာ အကြောင်းမရှိ အကြောင်းရှာပြီး ရစ်တာတွေ မလုပ်ပါနဲ့နော်။

၂။ သတိရကြောင်းပြပါ

ပျိုမေတို့ရေ ချစ်သူက အဝေးမှာမို့ အထီးကျန်သလို ခံစားနေရတယ်ဆိုရင် သတိရကြောင်း message လေးတွေ ပို့ပေးပါနော်။ မွေးနေ့ သတိရဆုတောင်းပေးတာမျိုး၊ နှစ်ပတ်လည်နေ့တွေနဲ့ အတူတူလျှောက်သွားဖူးတဲ့ နေရာတွေရောက်တိုင်း သတိရတဲ့အကြောင်းကို ချစ်သူသိအောင် လုပ်ပါ။

၃။ Single ပုံ မဖမ်းပါနဲ့

ပျိုမေတို့ရေ ချစ်သူက အဝေးမှာမို့  single တစ်ယောက်လို မနေပါနဲ့နော်။ မိမိမှာ ချစ်သူရှိကြောင်းပြောပါ။ ပျိုမေတို့က single ပုံဖမ်းနေမယ်ဆိုရင် ချစ်သူကောင်လေးနဲ့ ရှေ့ဆက်လက်တွဲဖို့ ဝေးသွားပါလိမ့်မယ်။

၎။ Night Out မထွက်ပါနဲ့

Night Out ထွက်တာ၊ Bar၊ Club သွားတာမျိုးတွေနဲ့ သူငယ်ချင်းတွေက တခြားတစ်ယောက်နဲ့ မိတ်ဆက်ပေးတဲ့ပွဲမျိုးတွေ မသွားပါနဲ့နော်။ ဘာလို့လဲဆိုတော့ ပျိုမေတို့က တခြားတစ်ယောက်ပေါ်ကို စိတ်ယိုင်သွားစေနိုင်လို့ပါ။ ဘေးနားမှာရှိတဲ့ လူတစ်ယောက်က ချစ်သူထက် သာတယ်လို့ ထင်သွားနိုင်လို့ပါ။ တခဏတာ စိတ်တွေက ကြောက်ဖို့ ကောင်းပါတယ်။

၅။ အနာဂါတ် အစီအစဉ်လေးတွေ အကြောင်း

ပျိုမေတို့ရေ ချစ်သူနဲ့ ခရီးအတူတူသွားမယ်၊ ပိုက်ဆံစုမယ်၊ ဘယ်အချိန်မှာ လက်ထပ်မယ် စတဲ့ အနာဂါတ်အစီအစဉ်အကြောင်းကို ဆွေးနွေးပေးပါ။

၆။ မန်နေဂျာတစ်ယောက်လို စီမံခန့်ခွဲမယ်

အဝေးမှာရှိတဲ့ ချစ်သူရဲ့ အလုပ်ချိန်ကို သိထားပြီး အချိန်ကို အကြိုးရှိစွာသုံးတတ်ဖို့ ပျိုမေတို့က စီမံခန့်ခွဲပေးရပါမယ်။ မနက်စာ၊ နေ့လည်စာနဲ့ ညနေစာတွေကို ဘယ်လိုစားသောက်ရမယ် ဘာတွေစားသင့်တယ်ဆိုတာ ဂရုစိုက်ပေးပါ။ လက်ဆောင်ပစ္စည်းကူရွေးတာမျိုးနဲ့ အဝတ်အစာကူဝယ်ပေးတာမျိုး ပြုလုပ်ပါ။

အဝေးရောက်ချစ်သူတွေ အမြန်ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

 

Comments

0 comments