သတို့သားအကြိုက်ထူးခြားတဲ့မင်္ဂလာပွဲလေးစီစဉ်မယ်

by: May Shaar
 1 comments  13 love

သတို့သမီးလေးကိုသိပ်ချစ်လို့ Hello Kitty theme နဲ့မင်္ဂလာပွဲလုပ်တယ်ဆိုရင် သတို့သားလေးကိုသိပ်ချစ်တဲ့ သတို့သမီးလေးတွေကရော Football theme လေးနဲ့ ချစ်ကြောင်းမပြချင်ဘူးလား တကယ်လို့ သင့်သတို့သားကလည်းဘောလုံးCrazyဖြစ်တယ် အမှတ်တရဖြစ်စေချင်တယ်ဆိုတဲ့သူတွေအတွက် နည်းလမ်းတချို့ပြောပြပေးပါမယ်။

ဓာတ်ပုံ

မင်္ဂလာဆောင်ဓာတ်ပုံတွေဆိုတာက တစ်သက်တာလုံးကျန်ရှိနေမယ့်အမှတ်တရဖြစ်ပြီး သင့်အတွက်အထူးအရေးပါတဲ့နေ့လေးဆိုတာအမြဲ သတိပေးနေမှာဆိုတော့ သင့်ဓာတ်ပုံတွေကို ဘာလို့ ဖန်တီးမှုအဆန်းတွေမထည့်ပဲနေမှာလဲ?

သင့်အကြိုက် ဘောလုံးအသင်းရဲ့အရောင်ကို မင်္ဂလာဝတ်စုံအရောင်အဖြစ်ရွေးချယ်နိုင်ပါတယ်
ဥပမာ သင့်ချစ်သူက Chelsea crazy ဆိုရင်အဖြူနဲ့ အပြာရောင်ရွေးချယ်တာမျိုးပေါ့။Prewedding ရိုက်ကူးတာကိုလည်း ဘောလုံးကွင်းထဲမှာ သတို့သားနှစ်သက်တဲ့ ဂျာစီကိုကိုင်ရိုက်တာမျိုးလုပ်နိုင်ပါတယ်။

အစားအသောက်အတွက်

အစားအသောက်တည်ခင်းတဲ့ခွက်တွေမှာ သတို့သားကြိုက်တဲ့ အသင်းရဲ့logo ကိုကပ်ထားတာ၊ မင်္ဂလာကိတ်ကို အရောင်ရွေးချယ်တာတွေပြုလုပ်နိုင်ပါတယ်။အရမ်းမပြင်ဆင်ချင်တဲ့အခါမှာတော့ ဧည့်ခံတဲ့မုန့်တွေကို ဘောလုံး Theme နဲ့ cupcake တွေ ၊ ဘောလုံး theme ကွတ်ကီးတွေကျွေးမွေးနိုင်ပါတယ်။

Reception နေရာမှာ

သတို့သားကြိုက်နှစ်သက်တဲ့အသင်းရဲ့ theme songဖွင့်ထားပြီး Photo booth ကိုလည်း ဘောလုံးအသင်းပုံစံ ပြုလုပ်နိုင်ပါတယ်။

မင်္ဂလာပန်း

သင်နှစ်သက်တဲ့အသင်းနဲ့လိုက်ဖက်တဲ့ပန်းတွေမရှိရင်တောင် သင့်တော်တဲ့ပန်းတွေနဲ့စီစဉ်ပြီး ချည်မယ့် ဖဲကြိုးတွေ ကတ္တီပါလမ်းတွေကို သင့်အသင်းရဲ့အရောင်စီစဉ်နိုင်ပါတယ်။ဒါ့အပြင် ပန်းတွေကြားထဲမှာ Keychain သေးသေးလေးတွေနဲ့လဲ အလှဆင်နိုင်ပါတယ်။

ပြင်ဆင်မှုတွေ

ဖိတ်စာပေးတဲ့အခါမှာလဲ လက်ထပ်ဖိတ်စာကို ဘောလုံးပွဲဝင်ခွင့်လက်မှတ်ပုံစံ စီစဉ်နိုင်ပါတယ်။တက်ရောက်သူစာရင်းလက်မှတ်ထိုးရာနေရာ ၊ အမှတ်တရစကားရေးသားရာနေရာတွေကို ဘောလုံးပုံစံလုပ်ထားပြီး အမှတ်တရအဖြစ်သိမ်းထားနိုင်ပါတယ်။

မင်္ဂလာပွဲကို မစီစဉ်ဖြစ်ခဲ့လည်း ညစာစားပွဲမှာပေါ့ပေါ့ပါးပါးစီစဉ်နိုင်မှာဖြစ်ပါတယ်။

ကဲ.. ဒီလိုစီစဉ်မယ်ဆိုရင်တော့သင့်တို့ရဲ့ အမှတ်တရနေ့လေးက ပိုပြီးအသက်ဝင်ကာ အမှတ်တရပိုဖြစ်စေမှာ အသေအချာပဲနော်။

 

Comments

0 comments