စုံတွဲလေးတို့ Dinner အတွက် သတို့သား၊ သတို့သမီးအရံ ရွေးချယ်တဲ့အခါ

by: Phyo Pyae Thu
 0 comments  0 love

အဝတ်အစားကိုလည်း အနောက်တိုင်း ဝတ်စုံနဲ့ လိုက်ဖက်တဲ့သူကို ရွေးချယ်ပါ။ တချို့ သတို့သမီးအရံလေးတွေက အနောက်တိုင်းဝတ်စုံ မဝတ်ချင်တာမျိုး၊ မဝတ်ချင်တာမျိုး ရှိတယ်လေ။

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ကို မနက်ခင်း ပွဲတင်မဟုတ်ဘဲ ညစာစားပွဲ လုပ်ဖို့ စဉ်းစားထားလား။ စုံတွဲလေးတို့ မင်္ဂလာညစာစားပွဲကို ပွဲထွက်မယ်ဆိုရင် အရံတွေ ထည့်မလားဆိုတာ စဉ်းစားရမှာပါ။ အရံထည့်မယ်ဆိုရင်တော့ ညစာစားပွဲအတွက် ရွေးချယ်ဖို့ လိုလာပါပြီနော်။ ဒီတော့ Dinner ပွဲအတွက် အရံရွေးချယ်ရင် ဘယ်လိုအချက်တွေကို သတိထားပြီး ရွေးရမလဲဆိုတာ ပြောပြမယ်နော်။

သတို့သား၊ သတို့သမီးအရံ ရွေးချယ်တဲ့အခါ (photo: www.nytimes.com/)

ပျော်ပျော်ရွှင်ရွှင် နေတတ်သူ

စုံတွဲလေးတို့ Dinner အတွက် သတို့သား၊ သတို့သမီးအရံ ရွေးမယ်ဆိုရင်တော့ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့သူ ဖြစ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ညစာစားပွဲဆိုတာက ပေါ့ပေါ့ပါးပါး လူငယ်ဆန်ဆန်လေးတွေ ဖြစ်မှာမို့လေ။ ပျော်ပျော်ရွှင်ရွှင် ဖြစ်နေမှလည်း မင်္ဂလာညစာစားပွဲလေးက စည်စည်ကားကား ဖြစ်မှာပါ။

အဝတ်အစား (photo: www.nytimes.com/)

အဝတ်အစား

ညစာစားပွဲဆိုရင် အဝတ်အစားတွေကအစ ခေတ်မီမီလေး ဖြစ်နေရမှာမလား။ အများစုကတော့ လက်ပြတ်၊ ဂါဝန်တို၊ ဂါဝန်ရှည်လေးတွေ ဝတ်ကြတာ များပါတယ်နော်။ အဝတ်အစားကိုလည်း အနောက်တိုင်း ဝတ်စုံနဲ့ လိုက်ဖက်တဲ့သူကို ရွေးချယ်ပါ။ တချို့ သတို့သမီးအရံလေးတွေက အနောက်တိုင်းဝတ်စုံ မဝတ်ချင်တာမျိုး၊ မဝတ်ချင်တာမျိုး ရှိတယ်လေ။ ဒါကြောင့် သေချာရွေးချယ်ဖို့ လိုပါတယ်။

စိတ်တူကိုယ်တူ ဖြစ်ဖို့

ညစာစားပွဲဆိုတာက အားလုံးပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ဖြစ်ဖို့ လိုတာမို့ စိတ်တူကိုယ်တူ ဖြစ်တဲ့ သတို့သား၊ သတို့သမီးကိုသာ ရွေးချယ်ပါ။ စိတ်တူကိုယ်တူ ဖြစ်မှသာ မင်္ဂလာပွဲလေးက ပိုပြီး အသက်ဝင်မှာလေနော်။

အလွန်အကြူး မသောက်တတ်တဲ့သူ (photo: www.nytimes.com/)

အလွန်အကြူး မသောက်တတ်တဲ့သူ

မင်္ဂလာညစာစားပွဲဆိုတာက ဘီယာ၊ အရက် သောက်လေ့ရှိကြတယ်မလား။ အရံတွေ ရွေးချယ်တဲ့အခါမှာတော့ အလွန်အကြူးကြီး မသောက်တတ်တဲ့သူကို ရွေးချယ်ပါ။ ဒါမှသာ ကိုယ့်ပွဲလေးက လူညီမှာပါ။ တချို့တွေဆို အရံတွေက အများကြီး သောက်ထားလို့ အစီအစဉ် မကျတော့တာမျိုး ဖြစ်တတ်တာကြောင့်ပါ။ မသောက်တတ်ရင်လည်း ကိုယ့်ပွဲက စိတ်တူကိုယ်တူ မဖြစ်ဘဲ နေမယ်လေနော်။ ဒါကြောင့် အလွန်အကြူး မသောက်တတ်တဲ့သူကို ရွေးချယ်ပါ။

စုံတွဲလေးတို့ ညစာစားပွဲအတွက် အရံရွေးရင် ဒီအချက်လေးတွေ ထည့်စဉ်းစားနော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords