Navy အပြာရောင်နဲ့ သတို့သမီးအရံလေးများ အလှ

by: seng yar
 0 comments  0 love

မင်္ဂလာပွဲလေးအတွက် အဖြူရောင် သတို့သမီးလေးက ကောင်းကင်ကြီးဆိုရင်တော့ အပြာရောင် သတို့သမီးအရံလေးတွေကတော့ မိုးသားပြာပြာတွေပဲ ဖြစ်ပါတယ်။ 

အဖြူရောင် သတို့သမီးလေး (Photo:waireyes)

မင်္ဂလာပွဲလေး တစ်ခုလုံး အလှပဆုံး ဖြစ်နေဖို့ အတွက်ကတော့ မင်္ဂလာမောင်နှံလေး နှစ်ယောက်တည်း အလိုက်ဖက်ဆုံး လှပနေရုံနဲ့ မလုံလောက်ပါဘူးနော်။ သတို့သားလေးနဲ့ သတို့သမီးလေးတို့ရဲ့ဘေးမှာ အကောင်းဆုံး အထောက်အပံ့ဖြစ်နေပေးရမယ့်အရံလေးတွေအတွက်ကိုလည်း ထည့်သွင်းဖို့ကို မမေ့ရပါဘူးနော်။ အခု တစ်ခါကတော့ Marry ပြောပြပေးချင်တာက သတို့သမီးအရံလေးတွေအတွက်  Navy အပြာရောင်နဲ့ သတို့သမီးအရံလေးများ အလှ အကြောင်းပဲ ဖြစ်ပါတယ်။ ပျော်ရွှင်ခြင်း အကောင်းမြင်စိတ်ကို ပုံဖော်မယ့်အဝါရောင်သတို့သမီးအရံလေးများ ကိုလည်း ပြောပြထားပါတယ်။

အရံလေးတွေကြားမှာ သတို့သမီးလေး အလှက ပေါ်လွင်နေစေမယ့်ပုံစံ (Photo:majesticweddings.co.za)

အပြာရောင်ကတော့ သဘာဝ ဆန်တဲ့အရောင်ပါ

အပြာရောင်လို့ ဆိုလိုက်တာနဲ့ မိုးသားပြာပြာတွေကို အရင်ဆုံး မြင်ယောင်လာနိုင်တဲ့အတွက်ရော ပင်လယ်ကြီးတွေဆိုရင်လည်း အပြာရောင်လို့ တင်စားကျတဲ့အတွက် အပြာရောင်ဆိုတာကတော့ သဘာဝအဆန်ဆုံး အရောင်လေးတွေ အထဲက သဘာဝတရားကြီးနဲ့ ထပ်တူကျတဲ့အရောင်ပဲ ဖြစ်ပါတယ်။ အခုလည်း အဖြူရောင် သတို့သမီးလေးက ကောင်းကင်ကြီးဆိုရင်တော့ အပြာရောင် သတို့သမီးအရံလေးတွေကတော့ မိုးသားပြာပြာတွေပဲ ဖြစ်ပါတယ်။

မင်္ဂလာမောင်နှံလေးရဲ့ အလှကို ပံ့ပိုးပေးနိုင်မယ့် Navy အပြာရောင် (Photo:waireyes)

သတို့သားလေးကိုလည်း ပံ့ပိုးနိုင်ပါသေးတယ်

Navy အပြာရောင် သတို့သမီးအရံလေးတွေကတော့ အဖြူရောင် သတို့သမီးလေးရဲ့ အလှကိုသာ မကဘဲ စိမ်းပြာရင့်ရောင် သတို့သားလေးအတွက်ကိုပါ တည်ကြည်တဲ့ အသွင်ကိုလည်း ပိုပြီး တောက်ပလာအောင် ပံ့ပိုးပေးနိုင်ပါတယ်။ သတို့သမီးအရံလေးတွေ ဆိုတာကတော့ သတို့သမီးလေးကိုရော သတို့သားလေးကိုပါ ပံ့ပိုးပေးနိုင်မယ့် အရောင်မျိုးကို အကောင်းဆုံး ရွေးချယ်တတ်ဖို့ လိုအပ်အပ်ပါတယ်။

မင်္ဂလာပွဲလေးကို အလှပဆုံး ပြင်ဆင်လိုက်မယ် (Photo:waireyes)

မင်္ဂလာပွဲလေးရယ်လို့ ပြင်ဆင်တော့မယ် ဆိုရင် မင်္ဂလာပွဲလေးရဲ့ အဖက်ဖက်မှာ ပါဝင်ရမယ့်လူတွေ အကုန်ကို လိုက်ဖက်ညီတဲ့ပ်ြင်ဆင်မှုမျိုးကို ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ မြန်မာဆန်ဆန် မင်္ဂလာပွဲလေးတွေအတွက် သတို့သမီးအရံ ဖက်ရှင်လေးများကိုလည်း ပြောပြထားပါတယ်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords