မင်္ဂလာပွဲအတွက် သီတင်းကျွတ်ပိတ်ရက်မှာ သတို့သားတို့ ပြင်ထားရမှာတွေ

by: Phyo Pyae Thu
 0 comments  0 love

Marry က အခုပြောပြထားတာလေးတွေကို သီတင်းကျွတ်ပိတ်ရက်မှာ လုပ်ထားရင်တော့ မင်္ဂလာပွဲနေ့အတွက် Ready ဖြစ်နေမှာ သေချာသလောက်ပါပဲ။

သတို့သားလေးတို့ရေ သီတင်းကျွတ်ပြီးနောက်မှာ မင်္ဂလာဆောင်မယ်ဆိုရင် သီတင်းကျွတ် ပိတ်ရက်မှာ မင်္ဂလာပွဲအတွက် ပြင်ဆင်ထားရမှာတွေ ရှိပါတယ်နော်။ သတို့သားလောင်းလေးတို့ တစ်ယောက်တည်း ပြင်ဆင်ထားရမှာတွေပေါ့။ သတို့သားလောင်းလေးတို့ ပြင်ရမှာတွေ ပြောပြမယ်နော်။

မင်္ဂလာဆောင်ဖိတ်စာ

ဒီလိုအချိန်မျိုးမှာတော့ မင်္ဂလာဆောင် ဖိတ်စာနဲ့ ပတ်သက်ပြီး စီစဉ်ပြီးနေသင့်ပါပြီနော်။ ပိတ်ရက်မှာတော့ ဘယ်သူတွေကို ဖိတ်ဖို့ ကျန်ဦးမလဲ၊ ဖိတ်စာစောဝေထားတဲ့သူတွေကို ပြန်ပြီးသတိပေးရမှာတွေ ရှိလား။ နှစ်ဖက်စလုံးက ဖိတ်ရမယ့်သူတွေ စုံပြီလား အစရှိသလို ဖိတ်စာနဲ့ ပတ်သက်ပြီး ပြန်စစ်ထားပါ။ ဖိတ်ဖို့ ကျန်နေရင်လည်း ဒီပိတ်ရက်မှာ ပိတ်လို့ ရတာပေါ့နော်။

တောင်ရှည်ဝတ်နည်း

သတို့သမီးလောင်းလေးတွေ မင်္ဂလာပွဲအတွက် ဝတ်စုံဝတ်ဖို့ လေ့ကျင့်ထားကြသလိုမျိုး သတို့သားလောင်းလေးတို့လည်း ဒီပိတ်ရက်မှာ တောင်ရှည်ဝတ်ဖို့ လေ့ကျင့်ထားပါ။ တောင်ရှည်က မင်္ဂလာပွဲနေ့မှာ ဝတ်ပေးမယ့်သူ ရှိမှာဆိုပေမယ့် မြဲစေဖို့တော့ ကြိုတင်လေ့လာ ဝတ်ကြည့်ထားရင် အကောင်းဆုံးပါ။

သတို့သားတို့ ပြင်ထားရမှာတွေ (photo:weddings.com)

တကိုယ်ရေ သန့်ရှင်းရေး

သတို့သားလေးတို့လည်း မင်္ဂလာပွဲမှာ တည်ကြည်ခန့်ညားနေဖို့ တကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ရမယ်နော်။ တကိုယ်ရေ သန့်ရှင်းရေး ကောင်းကောင်း ဆောင်ရွက်ထားမှလည်း အသားအရေက ကြည်လင်နေမှာပါ။ ယောက်ျားလေးမို့ မလိုဘူး မထင်လိုက်နဲ့နော်။ မင်္ဂလာပွဲနေ့မှာ အလှပဆုံးဖြစ်နေမယ့် သတို့သမီးလေးနဲ့ လိုက်ဖက်ညီဖို့ လိုတယ်လေ။

မျက်နှာ (photo:weddings.com)

မျက်နှာ

သတို့သားလေးတို့လည်း သီတင်းကျွတ် ပိတ်ရက်မှာ မျက်နှာအသားအရေကို ဂရုစိုက်ပါ။ ဝက်ခြံထွက်လာတာမျိုးနဲ့ နေလောင်တာမျိုးတွေ မရှိအောင်ပေါ့။ မျက်နှာ ကြည်ကြည်လင်လင်လေး ဖြစ်နေဖို့ ပေါင်းတာ၊ ပုံမှန် မျက်နှာသစ်တာ လုပ်ပေးပြီး သန့်ရှင်းတဲ့ လက်နဲ့သာ မျက်နှာကို ထိတွေ့ကိုင်တွယ်ပါ။

မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး

မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး စီစဉ်ဖို့အတွက်ကတော့ သတို့သမီးလေးနဲ့ ပိတ်ရက်မှာ တွေ့ဆုံပြီး ဘာတွေ လုပ်ဆောင်ဖို့ လိုနေလဲဆိုတာ အတူတူ ပြန်စစ်ပါ။ ဝန်ဆောင်မှုတွေဆီ ဖုန်းဆက်တာမျိုး၊ စရံချထားတဲ့ စာရွက်စာတမ်းတွေ ပြန်ရှာတာမျိုး အစရှိသလိုပေါ့။ အားလုံး အသင့်ဖြစ်နေအောင် ပြင်ဆင်ထားပါ။

Marry က အခုပြောပြထားတာလေးတွေကို သီတင်းကျွတ်ပိတ်ရက်မှာ လုပ်ထားရင်တော့ မင်္ဂလာပွဲနေ့အတွက် Ready ဖြစ်နေမှာ သေချာသလောက်ပါပဲ။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords