မင်္ဂလာပွဲမှာ နှစ်ဖက်မိဘအတွက် အဝတ်အစားစီစဉ်ပေးရင် ဘာတွေသိထားရမလဲ

by: Phyo Pyae Thu
 0 comments  0 love

နှစ်ဖက်မိဘအတွက် မင်္ဂလာဝတ်စုံ စဉ်းစားရွေးချယ်တော့မယ်ဆိုရင် အရောင်ကတော့ သတို့သား၊ သတို့သမီးလေးတို့ရဲ့ ဝတ်စုံအရောင်ကို ရွေးချယ်လို့ ရပါတယ်

မင်္ဂလာပွဲထွက် ကျင်းပတော့မယ်ဆိုရင် နှစ်ဖက်မိဘတွေအတွက်လည်း အဝတ်အစားက သေချာစီစဉ်ဖို့ လိုပြီမလားနော်။ ဒီမင်္ဂလာပွဲမှာ နှစ်ဖက်မိဘတွေရဲ့ မိတ်ဆွေတွေလည်း လာမှာဆိုတော့ သူတို့လည်း လှပကျော့ရှင်းနေဖို့ လိုတယ်လေ။ ဒီတော့ မင်္ဂလာပွဲမှာ ဝတ်ဖို့ နှစ်ဖက်မိဘတွေအတွက် အဝတ်အစား စီစဉ်ပေးရင် သိထားရမှာတွေ ပြောပြမယ်နော်။

ဆင်တူဖြစ်ချင်လား

နှစ်ဖက်မိဘတွေ ဝတ်စုံချုပ်မယ်ဆိုရင် အဆင်မပြေတဲ့ ကိစ္စတစ်ခုရှိပါတယ်။အဲဒါက ပိတ်စဆင်တူဝယ်ပြီး ဒီဇိုင်နာတစ်ယာက်စီ ဒါမှမဟုတ် ဆိုင်တစ်မျိုးစီမှာ အပ်ကြတာပါပဲ။ ဒီဇိုင်းမတူဘူးဆိုရင် ဘယ်လိုနည်းနဲ့မှ မလှနိုင်ပါဘူးနော်။ ပိတ်စကို တစ်ဖက်က ဒီဇိုင်းလေး ဆန်းအောင် ချုပ်တယ် နောက်တစ်ဖက်က ရိုးရိုးရှင်းရှင်းလေးပဲ ချုပ်လိုက်တယ်ဆိုရင် ပွဲထွက်တဲ့အခါမှာ မလှတာမျိုး ဖြစ်တတ်ပါတယ်။ ဓါတ်ပုံရိုက်ရင်လည်း တဖက်တမျိးစီ ဖြစ်နေတတ်ပါတယ်နော်။ ဒါကြောင့် နှစ်ဖက်မိဘတွေကို ပိတ်စပေးပြီး ချုပ်ခိုင်းမယ် စိတ်ကူးထားရင် ဒီဇိုင်းဆင်တူလေးပါ စဉ်းစားရွေးချယ်ပေးပါ။ ဆင်တူဖြစ်ချင်တယ်ဆိုရင်တော့ ဒီဇိုင်းကို သတို့သား၊ သတို့သမီးကပဲ စဉ်းစားပေးပါ။

အရောင်

အရောင် သတိထားပါ

နှစ်ဖက်မိဘအတွက် မင်္ဂလာဝတ်စုံ စဉ်းစားရွေးချယ်တော့မယ်ဆိုရင် အရောင်ကတော့ သတို့သား၊ သတို့သမီးလေးတို့ရဲ့ ဝတ်စုံအရောင်ကို ရွေးချယ်လို့ ရပါတယ်။ အဲဒီလို ကွက်တိကြီး မရွေးချယ်ဖြစ်ဘူးဆိုရင်တော့ အနီးစပ်ဆုံး ရွေးချယ်ပါ။ နှစ်ဖက်မိဘရဲ့ ဆန္ဒကိုလည်း မေးကြည့်ဖို့ လိုပါတယ်နော်။ တချို့မိဘတွေက မဝတ်ချင်တဲ့အရောင်၊ မကြိုက်တဲ့အရောင် ရှိတတ်ကြပါတယ်။

ကုန်ကျစရိတ်

နှစ်ဖက်မိဘအတွက် အဝတ်အစား စီစဉ်တဲ့အခါမှာ အဓိကကတော့ ကုန်ကျစရိတ်ပါ။ နှစ်ဖက်မိဘတွေရဲ့ အဝတ်အစား စရိတ်က အတူတူ ဖြစ်လေပိုကောင်းလေပါနော်။ ကုန်ကျတဲ့ ငွေတူနေရင် ပိုပြီးကောင်းပါတယ်နော်။ တချို့တွေက ဘယ်သူ့ဘက်က ပိုကောင်းလို့ဆိုပြီး စိတ်ခုတတ်ကြတယ်လေ။ ဒါကြောင့် အားလုံးညီတူမျှတူ ဖြစ်တာ အကောင်းဆုံးပါပဲနော်။

စုံတွဲလေးတို့ နှစ်ဖက်မိဘအတွက် စီစဉ်ပေးမယ်ဆိုရင် ဒါတွေ သတိထားပေးနော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords