သတို့သားအတွက် ဝတ်စုံရွေးတဲ့အခါ လိုအပ်တာလေးတွေ မေ့မနေစေဖို့

by: Phyo Pyae Thu
 0 comments  0 love

 မေ့နေတတ်တဲ့ အချက်လေးတွေကို သိထားပြီးပြီဆိုရင်တော့  သတို့သားအတွက် ဝတ်စုံရွေးတဲ့အခါမှာ သေချာလေး သတိထားပေးနော်။ ဒါမှ နှစ်ဦးစလုံးလိုက်ဖက်ညီနေမှာပါ။

ကျက်သရေရှိပြီး လိုက်ဖက်ညီတဲ့ မင်္ဂလာမောင်နှံလေးဖြစ်ဖို့ဆိုတာ သတို့သားရဲ့ ခန့်ညားမှုလည်း ပါဝင်ပါတယ်နော်။ သတို့သားလေးရဲ့ မင်္ဂလာဝတ်စုံကိုလည်း ဂရုစိုက်ရပါမယ်။ မင်္ဂလာပွဲက သတို့သမီးလေး စိတ်ကြိုက်ဖန်တီးတာဆိုပေမယ့် သတို့သားလေးရဲ့ သဘောထား၊ အကြိုက်ကိုလည်း မေးသင့်ပါတယ်နော်။ သတို့သားအတွက် ဝတ်စုံရွေးတဲ့အခါမှာလည်း သတို့သမီးလေးတို့ မေ့နေတတ်တာ ရှိပါတယ်။

သတို့သားရဲ့ အသားအရေ

သတို့သားလေးရဲ့ အသားအရောင်ကိုလည်း ကြည့်ဖို့ လိုပါတယ်။ ဝတ်စုံက သတို့သမီးလေးနဲ့ လိုက်ဖက်ရုံတင်မက သတို့သားလေးနဲ့ လိုက်ဖက်ဖို့လည်း လိုပါတယ်။ သတို့သမီးလေးနဲ့ လှပြီး သတို့သားလေးနဲ့ မလိုက်ဖက်ရင် ဘယ်အဆင်ပြေမလဲနော်။ တချို့သတို့သမီးလေးတွေက သတို့သားရဲ့ အသားအရေကို မေ့နေတတ်ပါတယ်။

ဒီဇိုင်း

သတို့သမီးလေးတို့လိုပဲ သတို့သားလေးတို့လည်း ဒီဇိုင်းထွင်လို့ ရပါတယ်။ သတို့သားလေးတို့ တိုက်ပုံမှာလည်း တချို့ဆိုရင် ပန်းခက်လေးတွေ၊ ကျောက်လေးတွေ သုံးပြီး အလှဆင်တာမျိုး ရှိပါတယ်။ အရောင်ဆိုရင်လည်း သတို့သားလေးရော ကြိုက်လား မေးပါ။ သတို့သားလည်း ကြိုက်မှ ရွေးချယ်ပါနော်။ သတို့သမီးလေးတို့အနေနဲ့ သတို့သားအတွက် ဝတ်စုံရွေးချယ်တဲ့အခါ သူကြိုက်နှစ်သက်တဲ့အရောင်ကို မမေ့ပါနဲ့။

အရောင်သေချာ ရွေးပါ

အနောက်တိုင်းဝတ်စုံ

သတို့သားလေးတို့ အနောက်တိုင်းဝတ်စုံရွေးချယ်ရင်လည်း ကြယ်သီး တစ်လုံးတပ်တာ၊ နှစ်လုံးတပ်တာ ဘယ်ဟာ ကြိုက်လဲ ရွေးချယ်ခိုင်းပါ။ လူငယ်ဆန်ချင်တယ်ဆိုရင်တော့ အနောက်တိုင်းဝတ်စုံအင်္ကျီကို ကြယ်သီးတစ်လုံးတပ်တာ ရွေးချယ်ပါ။ကော်လံမှာလည်း အရွယ်အစား အမျိုးမျိုး ရှိတာမို့ သတို့သားအကြိုက်ကို ဦးစားပေးပါနော်။ ဆိုင်က ကိုက်ညီတာကိုပဲ ရွေးချယ်တာမျိုး မဟုတ်ဘဲ သတို့သားလေးအကြိုက်ကို သေချာရွေးဖို့ လိုပါတယ်။

အနောက်တိုင်း ဝတ်စုံဆိုရင် (photo: 8bitfactory.co)

တကိုယ်ဆင်စာ

သတို့သားလေးအတွက် တကိုယ်ဆင်စာ ဆင်မြန်းတာကလည်း လိုက်ဖက်မှု ရှိဖို့ အရမ်းအရေးကြီးပါတယ်နော်။ သတို့သမီးလေးတို့ ဆံပင်၊ မိတ်ကပ်တွေ ကိုက်ညီဖို့ စဉ်းစားသလိုပဲ သတို့သားလည်း  အဲ့ဒီလို လိုက်ဖက်မှု ရှိဖို့လိုတယ်ဆိုတာ မေ့ထားလို့ မရပါဘူးနော်။ ဝတ်စုံ၊ ဖိနပ်၊ ဆံပင် အားလုံး သတို့သားလေးရဲ့ အသားအရေ၊ အကြိုက်၊ ပုံစံနဲ့ကိုက်ညီနေရပါမယ်။ ဒါမှ လှပတဲ့ သတို့သမီးလေးနဲ့ လိုက်ဖက်တဲ့ သတို့သားတစ်ဦးဖြစ်မှာပါ။

Fitting

သတို့သမီးလေး တော်တော်များများ မေ့နေတတ်တာ သတို့သားရဲ့ ဝတ်စုံ Fitting ပါ။ သတို့သမီးလေးတို့ ခန္ဓာကိုယ်နဲ့ ကွက်တိ မဖြစ်ရင် မင်္ဂလာပွဲနေ့မှာ စိတ်ညစ်သလို သတို့သားလေးတို့လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဝတ်စုံ အပ်တာ ရွေးတဲ့အခါမှာ သတို့သမီးလေးဝတ်စုံလိုပဲ သတို့သားဝတ်စုံကိုလည်း ဂရုစိုက်ဖို့လိုပါတယ်နော်။

သတို့သမီးလေးတို့ မေ့နေတတ်တဲ့ အချက်လေးတွေကို သိထားပြီးပြီဆိုရင်တော့  သတို့သားအတွက် ဝတ်စုံရွေးတဲ့အခါမှာ သေချာလေး သတိထားပေးနော်။ ဒါမှ နှစ်ဦးစလုံးလိုက်ဖက်ညီနေမှာပါ။

From Marry with


Comments

0 comments
Latest video
Refer to more useful articles