သတို့သားတို့ တောင်ရှည်ပုဆိုး ဝတ်မယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

သတို့သားလေးတို့ တောင်ရှည်ဝတ်မယ်ဆိုရင် သိထားရမှာတွေ၊ ပြင်ထားရမှာတွေ သိပြီးပြီဆိုရင်တော့ မင်္ဂလာပွဲနေ့မှာ အဆင်ပြေမှာပါနော်။ 

စုံတွဲလေးတို့ရေ မင်္ဂလာဆောင်ကို အနောက်တိုင်းပုံစံဆောင်မှာလား၊ ထိုင်မသိမ်း ပုံစံနဲ့ ဆောင်မှာလား။ အဲဒီလို ရွေးချယ်ကြတယ်မလား။ ထိုင်မသိမ်းပုံစံ ဆောင်မယ်ဆိုရင် အများစုက သတို့သမီးလေး ထိုင်မသိမ်းနဲ့ အဆင်ပြေပါ့မလား စိတ်ပူကြပါတယ်။ တကယ်တော့ တောင်ရှည်ဝတ်မယ့် သတို့သားတို့အတွက်လည်း စိတ်ပူပေးဖို့ လိုပါတယ်။ မင်္ဂလာပွဲနေ့မှာ သတို့သားလည်း သက်တောင့်သက်သာ ဖြစ်ဖို့ လိုပါတယ်။

ဘယ်သူဝတ်ပေးမလဲ

တောင်ရှည်ကို ဝတ်တတ်တဲ့သူဆိုတာ အလွန်ရှားပါတယ်။ အားလုံးက ဝတ်ပေးကြတာချည်းပဲ။ ဒီတော့ တောင်ရှည်နဲ့ မင်္ဂလာဆောင်မယ်ဆိုရင် ဘယ်သူဝတ်ပေးမလဲဆိုတာ ကြိုတင်ပြီး စဉ်းစားထားဖို့ လိုပါတယ်။ ပုံမှန်ဆိုရင်တော့ ဝတ်စုံငှားတဲ့သူ၊ ဒီဇိုင်နာက ဝတ်ပေးတာပါ။ အကယ်လို့ ကိုယ့်ပွဲကို ဝတ်ပေးမယ့်သူ မပါလာဘူးဆိုရင် ဘယ်သူ ဝတ်ပေးမလဲဆိုတာ ကြိုတင်စဉ်းစားပါ။ မိတ်ကပ်ဆရာတွေက ဝတ်ပေးတတ်တာမို့ ဝတ်ပေးနိုင်မလား ကြိုတင်ပြီး မေးထားပါ။

စမ်းဖို့ မမေ့ပါနဲ့

သတို့သားလေးတို့အနေနဲ့ တောင်ရှည်ပုဆိုးကို အစမ်းလေ့ကျင့်ပြီး ဝတ်ထားသင့်ပါတယ်။ ဒါမှ ပွဲနေ့မှာ အဆင်ပြေမှာပါ။ နောက်ပြီး ချုပ်ပေးတဲ့ ဒီဇိုင်နာနဲ့လည်း တိုင်ပင်ပါ။ တောင်ရှည်ပုဆိုးက ဝတ်ပေးကြတာဆိုတော့ ကိုယ်ကမဝတ်တတ်ဘူးဆိုရင် ခါးပတ်နဲ့ဝတ်ဖို့ စီစဉ်ပေးမလားဆိုတာပါ။ ခါးပတ်က နည်းနည်းလေး နာနိုင်တာကိုတော့ သတိပြုပေးပါနော်။ ကြိုတင်ပြီး အစမ်းဝတ်ကြည့်ဖို့ မမေ့ပါနဲ့နော်။

ကွက်တိဖြစ်ရဲ့လား

တောင်ရှည်ပုဆိုးကလည်း သတို့သားနဲ့ Fitting ကျနေဖို့ လိုပါတယ်။ ကွက်တိဖြစ်ရဲ့လား၊ အဆင်ပြေရဲ့လား၊ လမ်းလျှောက်လို့ ရရဲ့လား၊ ကြည့်ကောင်းရဲ့လား။ ဒါတွေလည်း ကွက်တိဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှ မင်္ဂလာပွဲနေ့မှာ သက်တောင့်သက်သာ ရှိပြီး စိုးရိမ်မှု နည်းမှာပါ။

ရွေးချယ်ရမယ့် အတွင်းခံ (photo: https://bestlifeonline.com)

ရွေးချယ်ရမယ့် အတွင်းခံ

တောင်ရှည်ဝတ်မယ့် သတို့သားလေးတို့ သတိပြုရမယ့် အချက်ကတော့ အတွင်းခံပါ။ အတွင်းခံ ရွေးချယ်တဲ့အခါမှာ ပုံမှန်ရွေးနေကြ အတွင်းခံမဟုတ်ဘဲ ဘောင်းဘီတို၊ အားကစားဘောင်းဘီလိုမျိုး နည်းနည်းလေး ရှည်တာ ဖြစ်ပါစေနော်။ တောင်ရှည်ဝတ်ပေးမယ့်သူကိုလည်း အတိအကျ မေးလို့ ရပါတယ်။

သတို့သားလေးတို့ တောင်ရှည်ဝတ်မယ်ဆိုရင် သိထားရမှာတွေ၊ ပြင်ထားရမှာတွေ သိပြီးပြီဆိုရင်တော့ မင်္ဂလာပွဲနေ့မှာ အဆင်ပြေမှာပါနော်။ 

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords