သတို့သားတို့ရွေးချယ်ဖို့ အကောင်းဆုံး အနောက်တိုင်းဝတ်စုံဖက်ရှင်

by: Editor
 0 comments  2 love

အကောင်းဆုံး ဖက်ရှင်ဟာ ဘယ်လိုမျိုးများလဲ။ တကယ်တော့ အကောင်းဆုံးဖက်ရှင်ဆိုတာ ဝတ်ဆင်သူရဲ့ လိုအပ်ချက်ကို အပြည့်စုံဆုံး ဖြည့်ဆည်းပေးနိုင်တဲ့ ဝတ်စားဆင်ယင်မှုပါ

သတို့သားတို့ ရွေးချယ်ဖို့ အကောင်းဆုံး ဝတ်စုံဖက်ရှင် (Photo – chromeheartsshirt.com)

ရင်သပ်ရှုမောရလောက်တဲ့ ဖက်ရှင်ဒီဇိုင်းဆန်း အမျိုးမျိုးနဲ့ အသစ်အသစ်တွေ အများကြီးရှိတဲ့ သတို့သမီး ဝတ်စုံတွေ အကြောင်း ခဏနားလို့ ရွေးချယ်စရာ နည်းပါးလွန်းလှတဲ့ သတို့သား ဝတ်စုံလေးတွေ အကြောင်း ခြေဦးလှည့်ရအောင်။ သတို့သား တစ်ယောက် အဖို့ အကောင်းဆုံး ဖက်ရှင်ဟာ ဘယ်လိုမျိုးများလဲ။ တကယ်တော့ အကောင်းဆုံးဖက်ရှင်ဆိုတာ ဝတ်ဆင်သူရဲ့ လိုအပ်ချက်ကို အပြည့်စုံဆုံး ဖြည့်ဆည်းပေးနိုင်တဲ့ ဝတ်စားဆင်ယင်မှုပါ။ အဲ့ဒါကြောင့် အကောင်းဆုံးဆိုပေမယ့် တစ်ခုတည်း ပုံသေ ရှိမနေပါဘူး။ ဆိုလိုတာက တည်ငြိမ်ရင့်ကျက်တဲ့ အသွင်မျိုးကို လိုချင်တဲ့ သတို့သားတို့အတွက်  တည်ငြိမ်ရင့်ကျက်တဲ့ ဖက်ရှင်ကသာ အကောင်းဆုံးဖြစ်ပြီး လူပုံအလယ်မှာ ထည်ဝါချင်တဲ့ သတို့သားတို့အတွက်ကတော့ ထူးထူးခြားခြား ထင်ရှားတဲ့ ဖက်ရှင်တွေကသာ အကောင်းဆုံး ဖက်ရှင် ဖြစ်မှာပါ။ ဒီတော့ သတို့သားတို့ ဖော်ကျူးချင်တဲ့ သွင်ပြင်သဏ္ဍာန်ကို လိုက်ပြီး ဝတ်ဆင်သင့်တဲ့ ဖက်ရှင်ပုံစံတွေကို အကြံပေးပါရစေ။

တည်ငြိမ်မှုနဲ့ အတူ ဘယ်တော့မှ မရိုးသွားမယ့် ဖက်ရှင်

တည်ငြိမ်မှုနဲ့ အတူ ဘယ်တော့မှ မရိုးသွားမယ့် ဖက်ရှင် (Photo – WeddingsOnline)

ယောက်ျးလေးတိုင်း၊ အသက်အရွယ်တိုင်း၊ အသားအရောင်တိုင်းနဲ့ လိုက်ဖက်ပြီး ဘယ်အချိန်မဆို အမြဲခေတ်မီနေမယ့်  ဖက်ရှင် တစ်မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။ အမျိုးသားတို့ အကြိုက်ဆုံး အရောင်တွေ ဖြစ်တဲ့ အနက်ရောင်၊ အဖြူရောင်နဲ့ မီးခိုးရောင်တို့ ပေါင်းစပ်ထားတဲ့ ဖက်ရှင်ပဲ ဖြစ်ပါတယ်။  မီးခိုးရောင် ကိုယ်ကျပ်၊ မီးခိုးရောင် Bow Tie ၊ မီးခိုးရောင် လက်ကိုင်ပုဝါနဲ့ အနက်ရောင်ကုတ်ကို အဖြူရောင် အောက်ခံရှပ်နဲ့ တွဲဖက်ထားမှုက သတို့သားလေးတို့ မျက်စိမှိတ်ပြီး ရွေးချယ်လိုက်လည်း အမြဲမှန်ကန်နေမယ့် ရွေးချယ်မှုဆိုတာ အာမခံပါတယ်နော်။

ထူးထူး ခြားခြား ဖက်ရှင်ကျချင်တယ် ဆိုရင်

ထူးထူး ခြားခြား ဖက်ရှင်ကျချင်တယ် ဆိုရင် (Photo – WeddingsOnline)

ဖက်ရှင်ကို စိတ်ဝင်စားတဲ့ သတို့သားတွေ အနေနဲ့လည်း တခြားသတို့သားတွေ ဝတ်ဆင်နေကျ ပုံမျိုးတွေနဲ့ မတူတဲ့ သတို့သား ဝတ်စုံ ဒီဇိုင်း ဆန်းဆန်းတွေကို စိတ်ဝင်စားကြမယ် ထင်ပါတယ်။ အများနဲ့ မတူဘဲ တမူကွဲပြားချင်တဲ့ သတို့သားလေးတို့ အတွက် ဒီဇိုင်းဆန်းတွေကို ရွေးချယ်သင့်တာပေါ့။  ဒီဇိုင်းဆန်းဆိုလို့ ထွေထွေထူးထူး ရှုပ်ရှုပ်ယှက်ယှက် တွေဖန်တီးပြီး ဝတ်ရမယ်လို့ မဆိုလိုပါဘူးနော်။ မတူညီတဲ့ အတွဲ အစပ်တွေကိုပဲ အထာကျကျ ပေါင်းစပ်ပြီး ခပ်မိုက်မိုက် ဖက်ရှင်တွေကို ဖန်တီးနိုင်ပါတယ်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords