အလှဆုံး သတို့သမီးလေးနဲ့ သတို့လေးက လိုက်ဖက်ညီနေဖို့

by: Nway Nway Aung
 335 comments  2 love

သတို့သား တစ်ယောက်အနေနဲ့တော့ မင်္ဂလာနေ့မှာ ဖွေးသန့်နေဖို့ လိုအပ်သလို  ဆံပင်နဲ့ ဦးရေမှာ ဗောက်ဖတ်တွေ ရှိမနေဖို့နဲ့ လက်သည်းတွေ သန့်ရှင်းနေဖို့ အထူးသတိပြုရပါမယ်

အလှဆုံး သတို့သမီးလေးနဲ့ လိုက်ဖက်ညီနေဖို့ (Photo – Glance)

သတို့သမီးလေးတို့ကတော့ မင်္ဂလာပွဲမှာ အလှဆုံး ဖြစ်နေမှာ ကျိန်းသေပါတယ်။ သတို့သားလောင်းတို့ရေ . .  ဒီတော့ သတို့သားလောင်းတို့ အနေနဲ့လည်း အလှဆုံး သတို့သမီးလေးနဲ့ ရှေ့သွားနောက်လိုက် ညီနေဖို့ အရေးကြီးလှတာကြောင့် သတို့သမီးလေးနဲ့ လိုက်ဖက်ညီနေအောင် သတို့သားတို့အတွက် ဘာတွေလိုအပ်သလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

မှန်ကန်တဲ့ အရောင်အတွဲအစပ်

မှန်ကန်တဲ့ အရောင်အတွဲအစပ် (Photo – pinterest)

အရောင် အတွဲအစပ်တွေ ဆိုတာ ဖက်ရှင်ကျဖို့ အတွက် အရေးပါလှတဲ့ လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်။ ခန့်ညားတဲ့ သတို့သား တစ်ယောက် ဖြစ်ဖို့အတွက် အရောင်အတွဲ အစပ်မှန်ကန်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အသားအရောင်၊ ဆံပင်အရောင်တို့နဲ့ လိုက်ဖက်တဲ့ အဝတ်အစားအရောင်ကို ရွေးချယ်ဖို့လိုသလို၊ တွဲဖက်ဝတ်ဆင်တဲ့ အဝတ်အစားတွေရဲ့ အရောင်အတွဲအစပ်တွေလည်း လိုက်ဖက်ညီနေရမှာပါ။

ဆံပင်ပုံစံ

ဆံပင်ပုံစံ (Photo – pinterest)

သတို့သားတစ်ယောက်ရဲ့ ရုပ်ရည်အသွင်အပြင်အတွက် ဆံပင်ပုံစံကလည်း အရေးပါလှတာကြောင့် ကိုယ်နဲ့ လိုက်ဖက်ပြီး လတ်တလောမှာ ခေတ်စားနေတဲ့ ဆံပင်ပုံစံမျိုးကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းမှု

တစ်ကိုယ်ရည် သန့်ရှင်းမှု (Photo – pinterest)

ယောက်ျားလေး တစ်ယောက်အတွက် တစ်ကိုယ်ရည် သန့်ရှင်းမှုက အရေးပါလှပါတယ်။ သတို့သား တစ်ယောက်အနေနဲ့တော့ မင်္ဂလာနေ့မှာ ဖွေးသန့်နေဖို့ လိုအပ်သလို  ဆံပင်နဲ့ ဦးရေမှာ ဗောက်ဖတ်တွေ ရှိမနေဖို့နဲ့ လက်သည်းတွေ သန့်ရှင်းနေဖို့ အထူးသတိပြုရပါမယ်။ ချွေးထွက်များတဲ့ သတို့သားတွေ အနေနဲ့လည်း ချွေးနံ့ဆိုးတွေ မထွက်ဖို့ သတိပြု ကာကွယ်ရပါမယ်နော်။

ရင်ကပ်ပန်းကိုလည်း သတိပြုပါ

ရင်ကပ်ပန်းကိုလည်း သတိပြုပါ (Photo – pinterest)

သတို့သားတစ်ယောက် အတွက်တော့ ရင်ကပ်ပန်းက မပါမဖြစ် တပ်ဆင်ရမယ့် အဆင်တန်ဆာ ဖြစ်ပါတယ်။ မိန်းကလေးတွေ အတွက်ကတော့ ပန်းဆိုတာ ဘယ်လိုနေရာမှာပဲ ပန်ဆင်ပါစေ၊ တင့်တယ်နေမှာ ဖြစ်ပေမယ့် အမျိုးသား တစ်ယောက်ရဲ့ အင်္ကျီမှာ ပန်းတပ်ဆင်မယ် ဆိုရင်တော့ သတိပြုရမှာတွေ ရှိပါတယ်။

ရင်ကပ်ပန်းကို ကိုယ်ရွေးချယ်ထားတဲ့ ဖက်ရှင်နဲ့ လိုက်ဖက်ညီမှုရှိတာကိုပဲ ရွေးချယ်သင့်ပါတယ် (Photo – pinterest)

အထူးသဖြင့်တော့ ယောက်ျားဆန်တဲ့ အသွင်အပြင်နဲ့ ဖက်ရှင်ကို မလျော့ပါးစေဖို့ပါပဲ။ ဒါကြောင့် ရင်ကပ်ပန်းကို ကိုယ်ရွေးချယ်ထားတဲ့ ဖက်ရှင်နဲ့ လိုက်ဖက်ညီမှုရှိတာကိုပဲ ရွေးချယ်သင့်ပါတယ်။

ဖြည့်စွက် အဆင်တန်ဆာလေးတွေ

ဖြည့်စွက် အဆင်တန်ဆာလေးတွေ (Photo – pinterest)

ယောကျာ်းလေးတစ်ယောက်အတွက် လိုအပ်တဲ့ အဆင်တန်ဆာတွေက အများကြီးတော့ မရှိပါဘူး။ ကြယ်သီးတို့ နာရီတို့လောက်ပဲ ရှိတယ်ဆိုပေမယ့် အဲ့ဒိ အဆင်တန်ဆာလေးတွေက ဖက်ရှင်နဲ့ အသွင်အပြင်ကို ပိုပြီး ကြည့်ကောင်းသွားအောင် အထောက်အပံ့ပေးနိုင်တာမို့ ကိုယ့်အတွက် သင့်တော်တဲ့ Accessories ကို ရွေးချယ် ဆင်မြန်းနိုင်ပါစေ။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords