အချိန်တိုင်းမှာ ချစ်ဖို့ကောင်းနေမယ့် ပန်းရောင်သတို့သမီးအရံဝတ်စုံလေးတွေ

by: Nway Nway Aung
 0 comments  0 love

ပန်းရောင်ဆိုပေမယ့် အရောင်နုတာကို မကြိုက်ဘဲ ခပ်ရင့်ရင့် အရောင်လေးတွေကို ရွေးချယ်ချင်တယ်ဆိုရင် ခရမ်းရောင်ရောတဲ့ ပန်းရောင်အမျိုးအစားကို ရွေးချယ်ရမှာပါ

ပန်းရောင်သတို့သမီးအရံဝတ်စုံလေးတွေ

သတို့သမီးအရံလေးတွေ ဆိုတာ

သတို့သမီးလေးတို့ရဲ့ အလှအပအတွက် ကူညီထောက်ပံ့ပေးတဲ့ ချစ်စရာအလှအပလေးတွေ ဖြစ်တာကြောင့် သတို့သမီးအရံလေးတွေရဲ့ ဝတ်စုံဖက်ရှင်နဲ့ အလှအပအပြင်အဆင်က မင်္ဂလာပွဲအတွက် အရေးပါတဲ့ လိုအပ်ချက် တစ်ခုပဲမို့ သတို့သမီးအရံလေးတွေ အတွက်ဆို အမြဲချစ်စရာကောင်းပြီး ခေတ်မီနေမယ့် ပန်းရောင်ဝတ်စုံလေးတွေ အကြောင်း ပြောပြပေးမယ်နော်။ ပန်းရောင် အနွယ်ဝင် အရောင်တွေဟာ မိန်းမသားဆန်ဆန် နူးညံ့တဲ့ အရောင်တွေ ဖြစ်ကြတဲ့အတွက် မင်္ဂလာပွဲအတွက်ရော သတို့သမီးအရံလေးတွေတိုင်းနဲ့ပါ လိုက်ဖက်တဲ့ အရောင်ဆိုရင်လည်း မမှားပါဘူး။

 

ပန်းရောင်အနွယ်ဝင်တွေဟာ မိန်းကလေးတွေနဲ့ အလိုက်ဖက်ဆုံးပါ

ပန်းရောင်တွေဟာ

အနုဆုံးကစပြီး အရင့်ဆုံးအထိ မိန်းကလေးတွေနဲ့ လိုက်ဖက်လှပါတယ်။ လိမ္မော်ရောတဲ့ ပန်းရောင်မျိုးကတော့ အခုနောက်ပိုင်းမှာ ခေတ်စားလာပြီး ဘိုဆန်တဲ့အတွက် လူကြိုက်များတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နေပါတယ်။

ပန်းရောင်ဂါဝန်တိုလေးတွေ

ပန်းရောင် ဂါဝန်တိုလေးတွေကတော့

Indoor မင်္ဂလာပွဲတွေမှာရော၊ Outdoor မင်္ဂလာပွဲတွေမှာပါ အဆင်ပြေလိုက်ဖက်တဲ့ ဝတ်စုံလေးတွေပါ။ အသားဖြူပြီး အသက်ငယ်တဲ့ သတို့သမီးအရံလေးတွေနဲ့ဆိုရင် ထူးထူးခြားခြား ပေါ်လွင်နေမယ့် ဝတ်စုံလေးတွေ ဖြစ်ပါတယ်။

ပန်းရောင် ဂါဝန်ရှည်လေးတွေ

ပန်းရောင် ဂါဝန်ရှည်လေးတွေကတော့

Garden Wedding တွေ၊ Beach Wedding တွေနဲ့ မင်္ဂလာ ညစာစားပွဲတွေနဲ့ လိုက်ဖက်တဲ့ ဝတ်စုံလေးတွေ ဖြစ်ပါတယ်။ အားသာချက်ကတော့ ငယ်ငယ်ရွယ်သတို့သမီးလေးတွေ အတွက်သာမကဘဲ သက်လတ်ပိုင်း အမျိုးသမီးလေးတွေနဲ့ပါ လိုက်ဖက်တာပဲ ဖြစ်ပါတယ်။

ပန်းခရမ်းရောင်

ခရမ်းသွေးနည်းနည်းရောတဲ့ ပန်းရောင်လေးတွေကလည်း

သတို့သမီးအရံလေးတွေ အတွက် ရွေးချယ်ဖို့ အဆင်ပြေတဲ့ ဖက်ရှင်လေးတွေပါပဲ။ ပန်းရောင်ဆိုပေမယ့် အရောင်နုတာကို မကြိုက်ဘဲ ခပ်ရင့်ရင့် အရောင်လေးတွေကို ရွေးချယ်ချင်တယ်ဆိုရင် အခုလိုမျိုး ခရမ်းရောင်ရောတဲ့ ပန်းရောင်အမျိုးအစားကို ရွေးချယ်ရမှာပါ။

လိမ္မော်ရောတဲ့ ပန်းရောင်

အရောင်တောက်တောက်လေးတွေကို သဘောကျတယ်ဆိုရင်တော့ လိမ္မော်ရောင်ရောတဲ့ ပန်းရောင်ဝတ်စုံလေးတွေကို ဆင်မြန်းသင့်ပါတယ်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords