ချစ်စရာကောင်းတဲ့ အရံသေးသေးလေးတွေအတွက် အဖြူရောင်ဂါဝန်လေးတွေ

by: Nway Nway Aung
 0 comments  0 love

ကလေးဝတ်တဲ့ အဖြူရောင် ဂါဝန်တွေက အလွယ်တကူ ဝယ်လို့ရပြီး ကလေးငယ်တိုင်းနဲ့လည်း လိုက်ဖက်တဲ့အပြင် သတို့သမီးလေးရဲ့ ဖက်ရှင်က ဘယ်လိုဖြစ်ဖြစ် အဆင်ပြေပါတယ်

 

ပန်းကြဲကလေးလေးတွေ

Marry ရဲ့ စုံတွဲလေးတို့ရေ မင်္ဂလာပွဲ တစ်ပွဲကို ပိုပြီး အသက်ဝင်စေ၊ ချစ်ဖို့ကောင်းစေတဲ့ အရာတွေထဲမှာ ရှေ့ဆုံးကနေ ထွက်လာတဲ့ ပန်းကြဲ ကလေးလေးတွေက အဓိက ကျပါတယ်နော်။ ဒီကလေးလေးတွေ ချစ်ဖို့ကောင်းရင် ကောင်းသလောက်၊ ကြည့်လို့ကောင်းရင် ကောင်းသလောက် ဧည့်ပရိတ်သတ်တွေက ပိုမို အာရုံစိုက်မိပြီး မင်္ဂလာပွဲရဲ့ ပျော်ရွှင်ကြည်နူးမှု အနှစ်သာရကို ခံစားရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပန်းကြဲ ကလေးငယ်လေးတွေကို မထည့်သွင်းဖြစ်တဲ့ မင်္ဂလာပွဲတွေ ဆိုရင်တော့ လျှောက်လမ်းပေါ်မှာ ပွဲထွက်လာတဲ့အခါ တစ်ခုခု လိုအပ်နေသလို ခံစားရပါတယ်။ ဒါကြောင့် ပန်းကြဲ ကလေးငယ်တွေကို မင်္ဂလာပွဲအတွက် လိုအပ်တဲ့ အင်္ဂါရပ် တစ်ခု အနေနဲ့ ထည့်သွင်းစေချင်ပါတယ်။

အဖြူရောင် ဂါဝန်လေးတွေ

သတို့သမီးအရံလေးတွေအတွက် ဖက်ရှင်

ပန်းကြဲကလေးငယ်တွေနဲ့  သတို့သမီး အရံလေးတွေအတွက် ဝတ်စုံနဲ့ ဖက်ရှင်ဆိုရင်တော့ သတို့သမီးရဲ့ ဖက်ရှင်နဲ့ တူတာကို ရွေးချယ်လိုက်တာက ဘယ်လိုမှ မမှားနိုင်ပါဘူး။ ဒါပေမယ့် သတို့သမီးရဲ့ ဝတ်စုံနဲ့တူအောင် စီစဉ်မယ်ဆိုရင်တော့ သူတို့အတွက် သပ်သပ် စီစဉ်ပေးဖို့ လိုပါလိမ့်မယ်။ ဆိုလိုတာက သတို့သမီး ဝတ်စုံ အပ်နှံတဲ့ ဒီဇိုင်နာဆီမှာပဲ သူတို့အတွက် ဝတ်စုံတွေ အပ်နှံရမှာပါ။  ဒါမှမဟုတ် သတို့သမီး ဝတ်စုံ ဝယ်ယူတဲ့ ဆိုင်မှာပဲ သူတို့ အတွက် တစ်ပါတည်း ဝယ်ယူသင့်ပါတယ်။

အဖြူရောင် ဂါဝန်လေးတွေကတော့ ကလေးငယ်တိုင်းနဲ့ လိုက်ဖက်ပါတယ်။

အဲ့လိုမျိုး မစီစဉ်ဘဲ အလွယ်တကူ ဝယ်ယူလို့ရတဲ့ ဝတ်စုံလေးတွေပဲ သူတို့လေးတွေကို ဆင်ပေးချင်တယ် ဆိုရင် အဖြူရောင် ဂါဝန်လေးတွေကို ဆင်ပေးဖို့ အကြံပေးချင်ပါတယ်။ ကလေးဝတ်တဲ့ အဖြူရောင် ဂါဝန်တွေက အလွယ်တကူ ဝယ်လို့ရပြီး ကလေးငယ်တိုင်းနဲ့လည်း လိုက်ဖက်တဲ့အပြင် သတို့သမီးလေးရဲ့ ဖက်ရှင်က ဘယ်လိုဖြစ်ဖြစ် အဆင်ပြေပါတယ်။ ပြီးတော့ ကလေးသေးသေးလေးကစလို့ ဆယ်ကျော်သက် မိန်းကလေးတွေအထိ ဆင်ပေးလို့ရတဲ့ အရောင်လည်း ဖြစ်ပါတယ်။

အဖြူရောင်က မင်္ဂလာပွဲရဲ့ သင်္ကေတ ဆိုလည်း မမှားပါဘူး။

အဖြူရောင်ရဲ့ အားသာချက် အနေနဲ့ သတို့သမီး၊ သတို့သားနဲ့ ခန်းမရဲ့ အပြင်အဆင် အရောင်အသွေးက ဘယ်လိုပဲ ဖြစ်ဖြစ် လိုက်ဖက်နေတဲ့အပြင် အဖြူရောင်က မင်္ဂလာပွဲရဲ့ သင်္ကေတ ဆိုလည်း မမှားပါဘူး။ ပြီးတော့ အချိန်အခါနဲ့ နေရာဒေသလည်း မရွေးတဲ့ အတွက် အဆင်ပြေပါတယ်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles