Advertisement

ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

သရုပ်ဆောင် စည်ဖြိုးရဲ့ချစ်သူ ခင်လွှမ်းကတော့ မထင်မှတ်ပဲရင်သွေးလေးကို ရရှိခဲ့တဲ့လို့ စည်ဖြိုးကသူ Facebook Page ကနေပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ မထင်မှတ်ပဲရလာတဲ့ ရင်သွေးလေးကို မိဘနှစ်ပါးကလက်ခုတ်တီးကြိုဆိုပေးတဲ့အတွက် အံ့သြမိတဲ့အကြောင်းကိုအခုလိုရေးထားပါတယ်။

ကျနော်အံ့သြမိတယ်..
ကျနော့်ဘဝ ကြုံသမျှပြောင်းလည်းဖြစ်တည်မှုတိုင်းကို..ဟင်ဘယ်လို
ဖြစ်တာလည်း ဟာ ဒုက္ခပါပဲလို့ ဘယ်တော့မှမငြီးခဲ့တဲ့ အတွက် ..
မာတာပီတ မိနဲ့ဖ သူရဲကောင်းနှစ်ယောက်ကို အံ့သြဦးခိုက်မိတယ်..
အရွယ်ရောက်လာကြင်သူပါလာတော့လည်း ငါ့သားဟဲ့ငါ့သမီးဟဲ့ဆိုတဲ့ငါအစွဲ သူတော်ကောင်းပါလို့ပြောတဲ့သူတောင်မထိန်းနိုင်ပေမယ့်..
သူစိမ်းလည်းသမီးအရင်းပမာ မုဒိတာပွားမေတ္တာထားနိုင်တော့ထပ်ပြီး အံ့သြဦးခိုက်မိပါတယ်


ခုလိုcovidကာလကြီး မမျှော်လင့်ပဲဝင်လာသူလေးကို လက်ခုတ်တီး
လို့တောင်ကြိုဆိုပေးနေပြန်တာ့ ပိုလို့ အံ့သြဦးခိုက်မိပြန်တယ်..
သီတင်းကျွတ်ချိန်ခါ မိဘနေရာရောက်မှ မိဘမေတ္တာကို..ဒီကနေ့
အကြိမ်ကြိမ် အံ့သြ ဦးခိုက်နေမိတယ်.. (ဖခင်လောင်းဖိုးစည်) ဆိုပြီးသူရဲ့Facebook စာမျက်နှာမှာရေးထားတာဖြစ်ပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

Comments

0 comments