Advertisement

သူ့နှလုံးသားထဲ ပြန်ထည့်ယူသွားပြီးသူ့နည်းသူ့ဟန်နဲ့ သူ ကုစားသွားမှာပါ။ခနလေးပါပဲ လိုသူမရဲ့ Facebook စာမျက်နှာမှာအခုလိုရေးထားတာကိုတွေ့ရပါတယ်

အချစ်ဆိုတဲ့အရာက လူတစ်ယောက်ကိုပျော်စရာတွေဖန်တီးပေးနိုင်သလို ဒီလောကကြီးထဲကနေထွက်သွားအောင်လည်း လုပ်နိုင်တယ်။ အချစ်ကြောင့်ကိုယ့်ကိုကိုယ်သတ်သေချင်တယ်ဆိုပြီး ရင်ဖွင့်လာတဲ့ပရိသတ်တစ်ယောက် သူမရဲ့ အတွေ့အကြုံတွေကို ပန်ကိတ်ဒါဒါ ကအခုလိုရေးထားပါတယ်။
S.U.I.C.I.D.E ဆိုတဲ့အတွေးဘယ်အချိန်ဝင်တတ်လည်းဆိုရင် ကိုယ့်ပျော်ရွှင်မှုဟာ ကိုယ့်လက်ထဲ မရှိတော့တဲ့ အချိန်မှာ ဖြစ်ပါတယ်။
အဲ့ဒီအချိန်ကအချိန်မရွေးဖြစ်နိုင်ပါတယ်။ ကိုယ်လည်းပဲတစ်ချိန်က ရူးရူးမိုက်မိုက်တွေးဖူးတယ်။ငါသေသွားရင်ငါ့ကိုအခုမခေါ်မပြောတဲ့ သူငယ်ချင်းတွေ၊ ငါသေသွားရင်ငါ့ကိုဂရုမစိုက် တဲ့ ဒီအသိုင်းအဝိုင်းတွေ၊ ငါသေသွားရင် ငါ့ ချစ်သလောက် ငါ့ကို ပြန်မချစ်တဲ့ ချစ်သူတွေ၊
နောင်တရကြပါစေဆိုတဲ့ မသေချာမရေရာတဲ့ ခပ်ရေးရေး အတွေး မျိုး ၀င်ဖူးတယ်။ ကိုယ်သေသွားရင် မသိနိုင်ဘူးလေ။ဒီလူတွေ ကနောင်တရမရဆိုတာ။တကယ်တော့ အဲ့ဒီအတွေးဟာ သိပ်ကြောက်စရာကောင်းတယ်။ကိုယ့်အသက်တစ်ချောင်းက စက္ကန့်အနည်းငယ်အတွင်း ပျောက်ကွယ်သွားနိုင်တယ်။ဒါဒါတို့ မသိနိုင်တဲ့ ဒါဒါတို့ဘေးနားက လူတွေမှာအဲ့လို အတွေးမျိုး တွေ ၀င်နေတာ ဘယ်နှစ်ယောက်တောင် ရှိနေမလဲ။မသိနိုင်ဘူး။နှလုံးသားအရမ်းနာကျင်တဲ့သူတွေအဖို့ လိုအပ်တာကသူ့နှလုံးသားက ဒဏ်ရာတွေကို ခန မ ျှဝေခံစားပေးဖို့ နားတစ်စုံပါပဲ။ပြီးရင် ဒီဒဏ်ရာတွေကို သူ့နှလုံးသားထဲ ပြန်ထည့်ယူသွားပြီးသူ့နည်းသူ့ဟန်နဲ့ သူ ကုစားသွားမှာပါ။ခနလေးပါပဲ လိုသူမရဲ့ Facebook စာမျက်နှာမှာအခုလိုရေးထားတာကိုတွေ့ရပါတယ်။
Hugs,
PancakeDADA
ကဲ ချစ်တို့လည်းအချစ်တဲ့ပတ်သက်ရင် ဘာမှစိတ်မညစ်နဲ့နော်။

Comments

0 comments