Advertisement

စကားမစပ် မမြတ်လေး ခုလိုလေးတွေလည်းဝတ်မယ်နော် ခုထက်နဲနဲ ဆိုးတာလေးတွေလည်းဝတ်မယ်နော်ချော့တခါ /ဆူ တလှည့် တူတူချစ်ကြတာပေါ့ရှင်.

သရုပ်ဆောင် အေးမြတ်သူကတော့ ဟန်ဆောင်မှုကင်းပြီးပေါ့ပေါ့ပါးပါးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဘာလုပ်လုပ်ချစ်တဲ့ပရိသတ်ကို တန်ဖိုးထားတဲ့သူလည်းဖြစ်ပါတယ်။ သူမရဲ့ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီးခံစားချက်ကို အခုလိုရေးထားပါတယ်။
ဆောင်းရာသီ ရဲ့ နံနက်ခင်း နဲ့ ညနေခင်းလေးတွေ က စက်ဘီးစီးဖို့ အကောင်းဆုံးအချိန်တွေပါ 
ကိုဗစ် 19မရှိနေခဲ့ရင်ပေါ့ ချစ်ရသူတို့ရေ သိမ်မကြာတော့တဲ့အချိန်မှာ
သွားချင်တဲ့နေရာတွေကို သွားနိုင်ဖ်ု့အတွက် ဒီရက်ပိုင်းလေး အဆင်ပြေမယ်ဆို Stay at Home 
အိမ်မှာဘဲနေပေးကြပါဦးနော် အပြင်ထွက်မယ်ဆို  Mask လည်း တပ်ကြပါရှင်
 
စကားမစပ် မမြတ်လေး ခုလိုလေးတွေလည်းဝတ်မယ်နော် ခုထက်နဲနဲ ဆိုးတာလေးတွေလည်းဝတ်မယ်နော်ချော့တခါ /ဆူ တလှည့် တူတူချစ်ကြတာပေါ့ရှင်.
လူတယောက်ရဲ့ ပုံပန်းသဏ္ဌာန် နဲ့ စိတ်နေစိတ်ထားကို အဝတ်အစား နဲ့ကြည့်ပြီး ချက်ချင်းမဆုံးဖြတ်ပါနဲ့နော်
အတက်နိုင်ဆုံးတော့ လိမ္မာအောင် နေပါ့မယ် ပုတုဇဉ်မို့မကောင်းတဲ့ ဆိုးလည်း ဆိုးနိုင်ပါတယ်လို့
၇ရက်သားသမီးများ အားလုံး ..နေကောင်းကျန်းမာ စိတ်ချမ်းသာကြပါစေရှင်
လွတ်လပ်ပေါ့ပါးခြင်းက အသက်နဲ့မဆိုင်ဘူး မင်း စိတ်ခံစားမှု့ နဲ့ သာ ဆိုင်သည်
ဆိုပြီးသူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားပါတယ်။
မမြတ်လေးရဲ့ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေကို စာနဲ့အတူတင်ပေးလိုက်ပါတယ်နော်။
Source and Photo Credit AyeMyatThu FB

Comments

0 comments