Advertisement

အဆိုတော် မီးမီးခဲအတွက် အနုပညာရှင်တွေနဲ့ ရင်းနှီးကြတဲ့ မိတ်ဆွေတွေက ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းစာတွေ တင်ထားခဲ့ပါတယ်

ပရိသတ်တွေကြား ရေပန်းစား ကျော်ကြားခဲ့တဲ့ အဆိုတော် မီးမီးခဲဟာ ကင်ဆာရောဂါကို နှစ်နဲ့ချီ ခံစားနေရသူ ဖြစ်ပြီး အောက်တိုဘာလ (၁၆) ရက် သြစတြေးလျ စံတော်ချိန် (၉း၃၀) မိနစ်ဟာ ခရစ်တော်၌ အိပ်ပျော်သွားပါပြီ။

ဒီနေ့မှာ အနုပညာလောကနဲ့ မိသားစု ပရိတ်သတ်တွေကို ခွဲခွာနှုတ်ဆက်သွားပြီဖြစ်တဲ့ အဆိုတော် မီးမီးခဲအတွက် အနုပညာရှင်တွေနဲ့ ရင်းနှီးကြတဲ့ မိတ်ဆွေတွေက ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းစာတွေ တင်ထားခဲ့ပါတယ်။

 

ပရိသတ်တွေကလည်း တေးသံရှင် မီးမီးခဲ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းရင်း သူမရဲ့ သီချင်းတွေ နားဆင်တိုင်း လွမ်းဆွတ်နေမှာ အသေအချာပါပဲ။

Comments

0 comments