Advertisement

နာမည်ကျော် ဇာတ်လမ်းတွဲ Emily In Paris နောက်ထပ် season ၂ ခု ထပ်လာဦးမယ်လို့ Netflix က အတည်ပြုလိုက်ပါပြီ။

နာမည်ကျော် ဇာတ်လမ်းတွဲ Emily In Paris နောက်ထပ် season ၂ ခု ထပ်လာဦးမယ်လို့ Netflix က အတည်ပြုလိုက်ပါပြီ။ ဒီ အတည်ပြုတဲ့ သတင်းကို Emily In Paris အဓိကဇာတ်လိုက်မင်းသမီး Lily Collins က သူမက Instagram မှာ ပိုစ့်မှာ “New Year, New Possibilities” ဆိုပြီး ကြိုဆိုခဲ့ပါတယ်။

Photo by Elle

Emily အတွက် season 3 နဲ့ 4 တရားဝင်ပြန်လည်ရောက်ရှိလာတော့မယ်လို့ Emily In Paris ရဲ့ offical Instagram မှာ လည်း ဖော်ပြထားပါတယ်။ Emily In Paris season 2 ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ 22 ရက်နေ့က Netflix မှာ ပြသခဲ့တာပါ။

 

 

View this post on Instagram

 

A post shared by Emily In Paris (@emilyinparis)

ဒီဇာတ်လမ်းမှာ Emily ဆိုတဲ့ အမျိုးသမီးဇာတ်ကောင်က သူမရဲ့အိမ်မက်တွေအတွက် ပဲရစ်မြို့မှာ အမေရိကန်စျေးကွက်ရှာဖွေရေး အမှုဆောင်တစ်ဦးအနေနဲ့ အလုပ်လုပ်နေပါတယ်။ 2020 မှာပြသခဲ့တဲ့ Emily In Paris  season 1 မှာ Emily ဇာတ်ကောင်ပေါ် ဝေဖန်မှုတွေ အများကြီးရင်ဆိုင်ခဲ့ရပြီး ဒီဇာတ်လမ်းထဲမှာ ယူကရိန်းယဥ်ကျေးမှုကို စော်ကားတာတွေပါဝင်တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

Ref: cnalifestyle.channelnewsasia

Comments

0 comments