Advertisement

အမေက ကလေးတွေအများကြီးနဲ့ ဒုက္ခရောက်နေတာတွေ့လိုက်ရလို့ မောင်အငယ်ဆုံးလေးကို ကူထိန်းပေးမယ်လို့ မင်းသမီး Nam Bo Ra က ဆုံးဖြတ်ခဲ့ပါတယ်။

တောင်ကိုရီးယား သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Nam Bo Ra က သူမရဲ့မိခင် မောင်အငယ်ဆုံးမွေးထားတာကို မသိလိုက်ဘူးလို့ MBC ရဲ့ ‘Radio Star’ မှာ ပြောပြခဲ့ပါတယ်။

Nam Bo Ra မှာဆိုရင် မွေးချင်းမောင်နှမ ၁၃ ယောက်ရှိပြီး သူမက ဒုတိယမြောက်သမီးဖြစ်ပါတယ်။ ဒီလိုမောင်နှမတွေ အများကြီးရှိတာကြောင့်လည်း ကျောင်းတစ်ဖက်နဲ့ အနုပညာအလုပ်လုပ်နေတဲ့ Nam Bo Ra မသိလိုက်တာ မထူးဆန်းပါဘူး။

‘Radio Star’ ရဲ့ MC Ahn Young Mi က မောင်နှမဘယ်နှစ်ယောက်ရှိလဲလို့ မေးရာ Nam Bo Ra က မောင်နှမ စုစုပေါင်း ၁၃ ယောက်ရှိပြီး ယောကျ်ားလေး ၈ယောက် မိန်းကလေး ၅ယောက်ရှိတယ်လို့ ပြောပြပါတယ်။

Nam Bo Ra က သူ့မအသက် ၂၃ နှစ်မှာ သူမအမေက နောက်ဆုံးမောင်လေးကို မွေးဖွားခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ သူမအမေက အသက် ၄၅ ရှိပြီဖြစ်ပါတယ်။မောင်အငယ်ဆုံးလေးကို တွေ့တဲ့အခါ ဘယ်လိုခံစားရလဲလို့ MC က မေးတဲ့အခါမှာ အငယ်ဆုံးလေးမွေးထားတာ သူမသိကြောင်း အိမ်အလည်ပြန်မှ သိတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အဲဒီအချိန်တုန်း Nam Bo Ra ဟာ ကောလိပ်ကျောင်းသူဖြစ်ပြီး ကျောင်းတစ်ဖက်နဲ့ အနုပညာအလုပ်လုပ်နေရတာကြောင့် မိသားစုအခြေအနေကို သတိမပြုမိကြောင်း ရှင်းပြခဲ့ပါတယ်။ သူမရဲ့အမေ ကိုယ်ဝန်ရှိတာ သူမကို မပြောတာလည်း နားလည်ကြောင်း ထပ်ပြောပါတယ်။

အိမ်ပြန်ရောက်တဲ့အချိန် မောင်အငယ်ဆုံးလေး စတင်မြင်ရတဲ့အခါ အရမ်းအံ့သြသွားပြီး သူအမေက ကလေးတွေအများကြီးနဲ့ ဒုက္ခရောက်နေတာတွေ့လိုက်ရလို့ မောင်အငယ်ဆုံးလေးကို ကူထိန်းပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ မောင်အငယ်ဆုံးလေးက အရမ်းချစ်စရာကောင်းတယ်လို့လည်း သူမရဲ့ ချစ်ခြင်းမေတ္တာကို ပြောပြခဲ့ပါတယ်။

Comments

0 comments