ပရိသတ်အကြိုက်သီချင်းတွေကို အမြဲဖန်တီးတဲ့ အဆိုတော် ဟဲလေးကတော့ အခုတစ်ခါလည်း ပျော်အောင်ထားမယ် စိတ်ချပါ သီချင်းလေးကို Joox မှာ နံပါတ်တစ်ရတဲ့အထိ ပရိသတ်အားပေးမှုကို ရခဲ့ပါတယ်။ အားပေးတဲ့ပရိသတ်တွေကို အခုလိုကျေးဇူးတင်စကားပြောထားပါတယ်။
အဖေနဲ့အမေကိုပြလိုက်တာသူတို့အရမ်းပျော်သွားကြတယ်ကျွန်တော်ကငယ်ငယ်ကတည်းကထူးချွန်တဲ့သူတစ်ယောက်မဟုတ်ခဲ့ပါဘူးလိမ်ဖယ်လိမ်ဖယ်နဲ့..ဂီတလောကထဲရပ်တည်လာတာ..ခုဆို..အနှစ်၂၀ရှိခဲ့ပြီပေါ့ ခုတော့..ချစ်မှည့်တွေရောက်စေချင်တဲ့နေရာလေး..ရောက်သွားခဲ့ပြီကျွန်တော်ရောက်ဖူးခဲ့ပြီပျော်လိုက်တာ

တကယ်တော့..ကျွန်တော့်ပရိတ်သတ်တွေသူငယ်ချင်းတွေညီအကိုမောင်နှမတွေအားလုံးကကျွန်တော့်ကိုတကယ့်ကိုပျော်အောင်ထားခဲ့တာပါ သီချင်းလေးအတွက်အဖက်ဖက်ကပံ့ပိုးကူညီနားဆင်အားပေးခဲ့ကြတဲ့ချစ်မှည့်တွေအားလုံးကို..ကျေးဇူးအထူးကျေးဇူးကျေးဇူးအမှည့်ကြီးပါ ကျွန်တော်ဆက်လက်မှည့်ပါဦးမယ် ဆိုပြီးသူရဲ့ Facebook စာမျက်နှာမှာရေးထားပါတယ်။
Comments