ယောက်ခမနဲ့ ယောင်္ကျားရဲ့ အသည်းသည်းလှုပ်ချစ်တာခံနေရတဲ့ ခင်လွှမ်းတစ်ယောက်ကတော့ ကိုယ်ဝန်သည်တွေ ကြုံတွေ့ရတဲ့အတိုင်း ချဉ်ချင်းတက်တဲ့ ခံစားချက်မျိုးခံစားနေရပါပြီ။ သူရဲ့ခံစားချက်တွေကတော့
ဗိုက်ထဲမှာထဲက ဖအေ အကျင့်တွေ ပြနေပြီ .ည မအိပ်ခင် ဘာမှမစားတတ်တဲ့ကျွန်မ ခုဆို ညမအိပ်ခင် တစ်ခုခု စားလိုက်ရမှ. သူ့ဖအေပါ စားတာနော် ..

သန်းခေါင်ဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်တတ်တဲ့ ကျွန်မ ခုဆို ထထပြီး တစ်ခုခု စားနေရပြီ. သူ့ဖအေပါ ထစားတာနော် ..အချိုဆို လုံးဝ မကြိုက်တဲ့ကျွန်မ ခုဆို ချိုမှ စားချင်တာ . လုံးဝ သူ့ဖအေ အကျင့်တွေ ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးထားပါတယ်။

ဖေဖေ စည်ဖြိုးတစ်ယောက် ပျော်နေမှာကိုမြင်ယောင်မိပါတယ် ချစ်စရာကောင်းတဲ့ ကလေးလေးပိုင်ဆိုင်ရပါစေနော်
Comments