Advertisement

ပြိုက်ဖက်တွေကတောင် သဘောကျတဲ့ အမျိုးသမီးဘော်လီဘော အားကစားသမား

ပြီးခဲ့တဲ့ ဂျပန်အိုလံပစ်ပွဲမှာ အာရှတိုက်က ကစားသမားတွေ ဆုတံဆိပ်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့ကြသလို အရည်အချင်းနဲ့ ထူးခြားတဲ့ ရုပ်ရည်တွေကြောင့် အားကစားသမားအချို့ နာမည်ကျော်ကြားလာပါတယ်။ အဲဒီထဲမှာ တောင်ကိုရီးယား ဘောလီဘောအမျိုးသမီးအားကစားသမား Kim Yeon-Koung လည်း ပါလာပါတယ်။

ထူးချွန်တဲ့စွမ်းရည်၊ ရှည်လျားတဲ့ အရပ်အမောင်းကြောင့် ပြိုက်ဖက်နိုင်ငံက အားကစားသမားတွေကတောင် သဘောကျချစ်ခင်ကြပါတယ်။ အိုလံပစ်ပွဲအပြီး Kim Yeon-Koung က တောင်ကိုရီးယားရဲ့ အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးအားကစားသမား တစ်ယောက်ဖြစ်လာပါတယ်။

၁၉၉၈ ဖေဖော်ဝါရီ ၂၆ ရက် တောင်ကိုရီးယားနိုင်ငံ အန်ဆန်းမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဘောလီဘောအားကစားလောကထဲကို အလယ်တန်းကျောင်းလက်ရွေးစဥ် ရွေးချယ်ခံရတဲ့ ၂၀၀၅ ခုနစ်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ ဆုတံဆိပ်ပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံလက်ရွေးစဥ် အားကစားသမားတစ်ဦးပါ။

အရပ် ၆ပေ ၄လက်မ၊ ကိုယ်အလေးချိန် ၁၆၁ ပေါင် ရှိတာကြောင့် ပြိုင်ဖက်အားကစားသမားတွေကြားထဲမှာ ထင်ရှားပါတယ်။

 

Comments

0 comments