Advertisement

ခွေးလေးကို စွန့်ပစ်ခဲ့တာ ပထမအကြိမ် မဟုတ်ခဲ့ပါဘူး။

ဇန်နဝါရီ ၁၀ ရက်နေ့ Wikitree.com ရဲ့ ဖော်ပြချက်အရ မင်းသမီး Lee Chae Young က သူမရဲ့ အိမ်မွေးခွေးလေး Jack Coke ကို တခြားသူကို ပေးပစ်လိုက်တယ်လို့ အမည်မဖော်လိုသူတစ်ယောက်က ဖော်ထုတ်ခဲ့ပါတယ်။

ခွေးလေးရဲ့ ဓါတ်ပုံကို ၂၀၂၀ အစောပိုင်း သူမရဲ့ ဆိုရှယ်မီဒီယာ Instagram ပေါ်မှာ တင်ခဲ့ပေးဖူးပါတယ်။ အဲဒီတုန်းက သူမက Instagram ပေါ်မှာ မိသားစုဝင်အသစ်လေးနဲ့အတူ Ae Wol  ကမ်းခြေမှာ လမ်းအတူလျှောက်နေတယ်လို့ caption ရေးပြီး ခွေးလေးပုံကို မျှဝေဖူးပါတယ်။

တကယ်တော့ ခွေးလေးကို စွန့်ပစ်ခဲ့တာ ပထမအကြိမ် မဟုတ်ခဲ့ပါဘူး။ ၂၀၁၇ လောက်တုန်းကလည် သူမမွေးထားတဲ့ ခွေးဖြူလေးတစ်ကောင် မိတ်ဆွေတစ်ဦးစီ စွန့်ပစ်ခဲ့ပါတယ်။ ပြီးတော့ ဒီခွေးဖြူလေးနဲ့ ပတ်သက်တဲ့ သူမ Instagram ပေါ်ကဓါတ်ပုံတွေအကုန်လုံး ဖျက်ပစ်ခဲ့တယ်။

ဒါတင်မကသေးပါဘူး။ ၂၀၂၀ တုန်းက ကြောင်တစ်ကောင်ပုံကိုလည်း သူမရဲ့ Instagram မှာ တင်ခဲ့ဖူးပါတယ်။ မကြာခင်မှာပဲ ဒီကြောင်ပါတဲ့ ပုံတွေကို ဖျက်ပစ်ခဲ့ပါတယ်။

Jack Coke လေးမတိုင်ခင်ထိ အိမ်မွေးတရိစ္ဆာန်လေးတွေ စွန့်ပစ်တာ သတိမထားမိခဲ့ကြပါဘူး။ စွပ်စွဲမှုတွေ ပေါ်ပေါက်လာပေမယ့်လည်း သူမဖက်က အခုထိ ဖြေရှင်းမှုတွေ မလုပ်သေးပါဘူး။

Ref: allkpop

Comments

0 comments