Advertisement

ကိုယ်ချစ်တဲ့သူဆီက အချစ်တွေရဖို့အတွက် ဒီနည်းလမ်းလေးကလည်း အသုံးဝင်မယ်ထင်ပါတယ်။

ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြောင်းလဲမှုတွေပေးခဲ့တဲ့ဇနီးမောင်နှံကတော့ ပြည်သူအချစ်တော် ခီမောင်နှံပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်‌တွေအားကျအတုယူရတဲ့စုံတွဲလေးလည်းဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဇာဏ်ခီက ချစ်သူဘဝမရောက်ခင်ကအမှတ်တရတချို့ကို အခုလို့ရေးထားပါတယ်။
ကျွန်တော်တို့ကြိုက်တော့မလိုလို အီစီကလီ ဟိုလိုလို ဒီလိုလို စျေးဘန်းခင်းနေတဲ့ကာလတုန်းကပေါ့လေ.. စိတ်ဝင်စားသူတွေလည်းအများအပြားကြားမှာ မသေမချာမရေမရာဖြစ်နေတုန်းကာလ.. ကျနော်ဇဏ်ခီရဲ့အကွက်တကွက်.. ကျနော့်မွေးနေ့မှာသူ့ဆီကိုသွားပြီး သူ့ကိုမွေးနေ့လက်ဆောင်ပေးလိုက်တယ်။ သူကြောင်သွားပြီး..
Chris – “ဟမ် ဒါကဘာအတွက်လဲ”
ကျနော် – “မွေးနေ့လက်ဆောင်ပါ”
Chris – “Chris မွေးနေ့ကလိုသေးတယ်”
ကျနော် – “ကျနော်သိပါတယ်.. ဒီနေ့ကကျနော့်မွေးနေ့လေ..” ဆိုတော့သူကြောင်ကြည့်နေတယ်..
သူအူကြောင်ကြောင်နဲ့မွေးနေ့လက်ဆောင်ကိုယူလိုက်တယ်.. ဒါပေမယ့် သူမသိလိုက်တာက ကျနော် reverse psychology သုံးလိုက်တယ်ဆိုတာကိုပါ။
“သူ့မွေးနေ့မှာတောင် ငါ့ကိုလက်ဆောင်ပေးတယ်ဆိုတော့” ဆိုတဲ့ impression ကြီးကသူ့စိတ်ရဲ့အနောက်ပေါက်ကနေဝင်သွားပြီး မိန်းမတို့ရဲ့မာနဆိုတဲ့အဆိုင်အခဲကြီးကို မီးရှို့ဖျက်စီးလိုက်ပြီဆိုတာကိုပါ..
အခုချိန်မှာတော့သူဟာ ကျနော့်ကိုဓါတ်ပုံတွေရိုက်ပေးရ..ရုပ်ရှင်တွေရိုက်ပေးရ..bow tie တွေစည်းပေးရ..ဟင်းတွေချက်ပေးရ..ထီးတွေလိုက်မိုးပေးနေရပြီပေါ့လေ..ဟဲဟဲ 😛ဆိုပြီးသူရဲ့ Facebook စာမျက်နှာမျာရေးထားတာဖြစ်ပါတယ်။

Comments

0 comments