Advertisement

ချစ်တို့လည်း Covid ပြီးရင်ဘယ်ခရီးတွေသွားမလည်းဆိုတာစဉ်းစား ထားအုံးနော်။ ပျော်ရွှင်စရာခရီးလေးတွေအများကြီး သွားနိုင်ပါစေ။

အနုပညာလောကထဲမှာ အလှဘုရင်မလို့ တင်စားထားတဲ့ မင်းသမီးချောလေး မိုးဟေကို ကတော့ ခရီးသွားတဲ့အခါသူမကြိုက်တဲ့အချက်လေးတွေကို ချစ်တဲ့ပရိသတ်အတွက် ဝေမျှထားပါတယ် ။
မိုးဘာဖြစ်လို့ ခရီးတွေသွားရတာကြိုက်တာလဲ သိလား? ဘာလို့လဲဆိုတော့ ခရီးတွေသွားရင်းနဲ့ အဲဒီနေရာတွေရဲ့
နောက်ခံသမိုင်းကြောင်း ပုံပြင်တွေ၊ ဖြစ်ရပ်တွေ နဲ့ နေထိုင်ကြတဲ့ လူတွေရဲ့ အကြောင်းအများကြီးသိလာရတယ်။
တချို့ပုံပြင်တွေက ပျော်စရာကောင်းတယ်၊ တချို့ကတော့ ဝမ်းနည်းစရာကောင်းတယ်၊ ပြီးတော့
အမျိုးမျိုးအဖုံဖုံသော ဘဝတွေကို မြင်တွေ့ရတယ်။ မိုးရဲ့ စိတ်ကလေ အသစ်သစ်သောအရာတွေကို လေ့လာစူးစမ်းချင်တယ်။ နေရာ အသစ်အသစ်တွေကိုသွားချင်တယ်၊ စွန့်စွန့်စားစားသွားရတဲ့ ခရီးတွေသွားချင်တယ်။ ရှင်တို့လေးတွေရော ခရီးတွေသွားရတာကြိုက်လား Covid ကြီးပြီးသွားရင် ဘယ်နေရာတွေအရင်ဆုံးသွားချင်လဲဆိုတာ မိုးကိုပြောပြခဲ့နော် ဆိုပြီး သူမရဲ့ လူမှုစာမျက်နှာမှာရေးထားပါတယ်။
ချစ်တို့လည်း Covid ပြီးရင်ဘယ်ခရီးတွေသွားမလည်းဆိုတာစဉ်းစား ထားအုံးနော်။ ပျော်ရွှင်စရာခရီးလေးတွေအများကြီး သွားနိုင်ပါစေ။

Comments

0 comments