Advertisement

အခုလိုStay Home ကာလမှာ သူမရဲ့ကိုယ်ပိုင်အချိန်ဖြတ်သန်းတာလေးတွေကို အခုလိုရေးထားပါတယ်။

သရုပ်ဆောင် မိုးစက်ဝိုင်ကတော့ Miss တစ်ယောက်အနေနဲ့အနုပညာလောကထဲကိုဝင်ရောက်လာပြီး ပရိသတ်အားပေးမှုကိုရခဲ့သူပါ။ သူမရဲ့ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ပက်ပက်စက်စက်ညှို့ ဇာတ်ကားကြောင့် ပရိသတ်တွေအချစ်တိုးလာခဲ့ပါတယ်။
တစ်ခါတစ်လေ စကားသံတွေဆိုတာထက်.. စာလုံးလေးတွေကို ပိုနှစ်သက်တယ် ။
စာလေးတွေဖတ်ရင်း .. အတွေးထဲမျောရင်း .. တစ်ယောက်တည်း တိတ်ဆိတ်ပြီး တွေးနေ ၊ ငေးနေလို့ရတဲ့ အချိန်မှာ .. ကိုယ်တစ်ယောက်တည်းလည်း ပြုံးပျော်လို့ရနေတာမျိုး…
ဒါမျိုး ကိုယ်ရဲ့ ကိုယ်ပိုင် အချိန်လေး 💛   လို့သူမရဲ့Facebook စာမျက်နှာမှာတွေ့ရပါတယ်။
ချစ်တို့လည်း Stay Home နေရတဲ့အချိန်မှာ စိတ်မညစ်ပဲကိုယ်ပိုင်အချိန်လေးတွေ ပိုရတယ်လိုတွေးပြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြမယ့်နော်။

Comments

0 comments