Advertisement

အသံပါဝါ ဆွဲဆောင်မှုရှိပြီး ပရိသတ်အားပေးမှု အပြည့်ရထားတဲ့ အဆိုတော်ချမ်းချမ်းကတော့ ဒီနေ့မှာ ရခိုင်စစ်ဘေးရှောင်အတွက် ဆေးဝါးအလှူလေး တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီအလှူနဲ့ ပတ်သက်ပြီး အဆိုတော်ချမ်းချမ်းက

 

“အလှူတခုပြီး​မြောက်​ခဲ့ပြန်​ပါပြီ..ရခိုင်​ စစ်​​ဘေးသင့်​ပြည်​သူများအတွက်​…..
မြေပုံမြို့နယ်​..စညင်း​ကျေးရွာမှ မနန်းစုအတွက်​..ဂျိုင်း​ထောက်​ရယ်​..လိုအပ်​တဲ့​ဆေးဝါး​တေဝယ်​ယူဖို့ အလှူ​ငွေ​ပေးအပ်​ခဲ့ပါတယ်​..​ဆေးရုံမှာရှိတဲ့အခြား​သောလိုအပ်​တဲ့​ဆေးဖိုးကုသစရိတ်​များအတွက်​..ပါဝင်​လှူဒါန်း​ပေးခဲ့တဲ့..ကျိုက်​မ​ရောမှ..ကိုလင်းထွန်းကအလျူ​ငွေတသိန်းကျပ်​တိတိလှူဒါန်း​ပေးခဲ့ပါတယ်​…ma Yin Nwe အဂ်​လန်​နိုင်​ငံမှ အလှူ​ငွေ..တသိန်းကျပ်​တိတိကိုလှူဒါန်း​ပေးခဲ့ပါတယ်​…အခုလိုကိုယ်​ချင်းစာနာစိတ်​အပြည့်​နဲ့ လှူဒါန်းကြတဲ့အလှူရှင်​များကိုအရမ်း​ကျေးဇူးတင်​ပါတယ်​​နော်​..
အလှူဖြစ်​​မြောက်​​အောင်​စုံစမ်းဆက်​သွယ်​​ပေးတဲ့ မ​လေးခင်​ကိုလဲ​ကျေးဇူးပါ​နော်​…
“ဆိုပြီး သူမရဲ့Facebook စာမျက်နှာမှာ‌ရေးထားပါတယ်။

ချမ်းချမ်းကို ချစ်တဲ့ ပရိသတ်တွေလည်း ဒီအလှူလေးအတွက် ကြည်နူးမိမယ်လို့ ထင်ပါတယ်။

Tags: celebritymusicnews

Comments

0 comments