Advertisement

ပြီးပြည့်စုံတဲ့အရပ်ဒေသဆိုတာ လောကီဘုံမှာမရှိပေမဲ့ တောင်တန်းတွေအောက်က ပင်လယ်ကမ်းခြေဒေသလေးမှာနေရတာကိုကြိုက်တယ်

 မကြာခင်မှာအိမ်ထောင်ပြုတော့မယ် အဆိုတော် နိုင်းဝမ်းကတော့ သူစိတ်ကူးထဲကအိမ်မက်ကို သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရင်ဖွင့်ထားပါတယ်။
လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ်..
ကျွန်တော့ရဲ့အိပ်မက်ကတော့ ဒါအကြီးဆုံးပဲ..
ဘဝမှာအလိုချင်ဆုံးဆုတောင်းပါဆိုရင် ဒီဆုပဲကျွန်တော်တောင်းမယ်..
မြန်မာပြည်ကိုချစ်လို့ မြန်မာပြည်မှာပဲသေတဲ့အထိနေမယ်..
အဲ့ဒါထက် မိဘတွေကိုထားခဲ့ပြီး ဘယ်နိုင်ငံမှမသွားချင်ဘူးဗျာ..
ဒါကြောင့် မြန်မာတစ်ပြည်လုံးနဲ့ အခြားနိုင်ငံတော်တော်များများရောက်ဖူးပြီး ဒေသတိုင်းရဲ့အသက်မွေးဝမ်းကြောင်းနဲ့လူနေမှုဘဝတွေတွေ့မြင်ခဲ့ပေမဲ့..
အသက်အရွယ်တစ်ခုရလာရင် အနုပညာအလုပ်တွေရပ်ပြီး မိသားစုနဲ့အတူ မြိတ်မြို့လေးမှာအခြေသွားချဖို့စဉ်းစားထားတယ်
ပြီးပြည့်စုံတဲ့အရပ်ဒေသဆိုတာ လောကီဘုံမှာမရှိပေမဲ့ တောင်တန်းတွေအောက်က ပင်လယ်ကမ်းခြေဒေသလေးမှာနေရတာကိုကြိုက်တယ်၊ ဗုဒ္ဓဘာသာထွန်းကားတဲ့အရပ်လဲဖြစ်သလို ဘာသာခြားတွေနဲ့လဲသင့်မြတ်စည်းလုံးကြတာကိုမြင်ခဲ့တယ်၊ စီးပွားရေးလဲထွန်းကားကြတယ်၊ မြိတ်မှာ သူငယ်ချင်းမိတ်ဆွေတွေလဲရှိတယ်၊ သမာအာဇီဝကျတဲ့ခရီးသွားလုပ်ငန်းလေးတစ်ခုလုပ်ချင်တယ်၊ ကိုယ့်စိတ်ကူးထဲရှိသမျှအတိုင်း စီမံခန့်ခွဲမယ်..
မြိတ်ဒေသကိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေလုပ်ပြီး ဖူးခက်ထက်သာအောင်လုပ်ကြည့်ချင်တယ်၊ စိတ်တူကိုယ်တူဝါသနာတူတဲ့ဝန်ထမ်းတွေခန့်ပြီး သူတို့နဲ့ပက်သက်တဲ့မိသားစုဝင်တွေကိုပါစောင့်ရှောက်ထားချင်တယ်၊ သူငယ်ချင်းအပေါင်းအသင်းတွေကိုလွမ်းတဲ့အခါ ကိုယ့်ဒေသကိုအလည်ခေါ်ရင်းပြန်ဆုံချင်တယ်..
ပိုက်ဆံအဆင်ပြေလာရင် ကျွန်းလေးတစ်ကျွန်းဝယ်ပြီးresort လေးတစ်ခုဆောက်ချင်တယ်၊ မိဘတွေအတွက်လဲစိတ်ချရတဲ့အခြေအနေဖြစ်ပြီဆိုရင်၊ စားဝတ်နေရေးပြေလည်ပြီး ကိုယ့်ဆန္ဒဖြစ်တဲ့ဒီအရာလေးတွေလုပ်ရင်း မိန်းမနဲ့အတူအိုမင်းသွားချင်တယ်။
နိုင်းဝမ်းရဲ့စိတ်ကူးလေးတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်
Tags: celebrityCeleNewsNingOne

Comments

0 comments