စစ်မှုထမ်းနေတဲ့ မင်းသား Park Bo Gum က မကြာသေးခင် ရက်အနည်းငယ်လောက်က ဆံပင်ညှပ်လိုင်စင် အောင်မြင်သွားပြီလို့ တောင်ကိုးရီးယား သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
မင်းသားဟာဆိုရင် ၂၀၂၀ ဩဂုတ်လ ၃၁ မှာ စတင်စစ်မှုထမ်းခဲ့တာဖြစ်ပြီး လက်ရှိ ရေတပ်မှာ အမှုထမ်းလျှက်ရှိပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရေတပ်တာဝန်ရှိသူတစ်ဥ◌ီးက Park Bo Gum က ပြီးခဲ့တဲ့ ဒီဇင်ဘာလက အမျိုးသားနည်းပညာအရည်အချင်းစစ် စာမေးပွဲမှာ ကျွမ်းကျင်ပညာရှင် (ဆံပင်ညှပ်) စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုခဲ့တယ်လို့ ပြောခဲ့တာပါ။
Park Bo Gum က ဒီ နည်းပညာကျွမ်းကျင်သူတစ်ယောက်ဖြစ်ဖို့ အမြဲစိတ်ဝင်စားပြီး စာမေးပွဲအတွက်ပြင်ဆင်မှုတွေ အများကြီးပြုလုပ်ခဲ့ပါတယ်။ စစ်တပ်ရဲ့ သတင်းတွေအရ ဒါဟာ စစ်သားတွေရဲ့ ကိုယ်ပိုင်အရည်အချင်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် နည်းပညာစာမေးပွဲတွေစစ်ပြီး အရည်အချင်းပြည့်တဲ့ လတ်မှတ်တွေ ပေးတယ်။ စစ်တပ်ထဲမှာဆိုရင် ဒီလတ်မှတ်တွေ တော်တော်များများရထားကြတယ်။
ယခုနှစ် ၂၀၂၂ ဧပြီလ ၃၀ ရက်မှာ Park Bo Gum စစ်မှုထမ်းတာ ပြီးဆုံးမှာဖြစ်ပြီး မင်းသားက တခြားစစ်မှုထမ်းတွေလိုပဲ COVID-19 ဖြစ်ပွားမှုတွေကြောင့် အားလပ်ရပ်တွေလုံးဝ မသုံးတဲ့အတွက် စစ်မှုထမ်းတာပြီးဆုံးမယ့်ရက် ပိုစောနိုင်ဖို့ မျှော်လင့်ထားပါတယ်။
Comments