Advertisement
Park Shin Hye နဲ့ Choi tae joonသူတို့နှစ်ဦးဟာ 2017 ခုနှစ်နှောင်းပိုင်းမှာ စတင်တွဲခဲ့တာဖြစ်ပြီး 2018 ခုနှစ် မတ်လမှာ သူတို့ရဲ့ အချစ်ရေးကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ပါတယ်။ဒီနေ့နိုဝင်ဘာ ၂၃ ရက်မှာတော့ သူတို့၏အေဂျင်စီ SALT Entertainment နှင့် Santa Claus Entertainment တို့မှ Park Shin Hye နှင့် Choi Tae Joon တို့၏မင်္ဂလာပွဲကို 2022ခုနှစ် ဇန်နဝါရီ ၂၂ရက်နေ့တွင် ဆိုလ်းမှာ သီးသန့်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။SALT Entertainment က Park Shin Hyeမှာ ရင်သွေးလေးလွယ်ထားရ​ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။Park Shin Hye ကလဲ သူမရဲ့ Fancafe မှတစ်ဆင့် မင်္ဂလာသတင်းနဲ့အတူ သူမမှာ ရင်သွေးလေးလွယ်ထားရ​ကြောင်းကိုလဲ ပရိသတ်တွေထံအသိပေးတဲ့စာလေးကို အခုလိုပဲရေးသားထားပါတယ်။
“Hello၊ ဒါက Park Shin Hye ပါ ဒီရက်တွေထဲ ရာသီဥတု အေးလာပြီနော် မင်းတို့အားလုံး ကိုယ့်ကိုကိုယ်ဂရုစိုက်ကြရဲ့လား။ သိပ်မကြာခင်က ငါ့ရဲ့ ပထမဆုံးအေဂျင်စီနဲ့ လက်မှတ်ထိုးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်၂၀ကစာချုပ်ကို‌တွေ့မိတယ်။ ငါက အလယ်တန်းဒုတိယနှစ်တက်ခါနီး 6 တန်းကျောင်းသူအရွယ်ပဲရှိသေးပေမယ့် မင်းသမီးလုပ်ဖို့ရွေးချယ်ခဲ့တယ်။ 18 နှစ်တောင်ကြာခဲ့ပြီ အချိန်တွေကုန်တာမြန်လိုက်တာ။ ငါ့ရဲ့ငယ်ဘဝမှာ လူတွေ အများကြီး တွေ့ခဲ့ရတယ်။ မင်းတို့ကို တကယ်ကျေးဇူးတင်ပါတယ် မင်းတို့ရဲ့ အချစ်တွေနဲ့ အားပေးမှုတွေကြောင့်သာ ငါ့ရဲ့အနုပညာအရည်အသွေးတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ချပြနိုင်တဲ့ မင်းသမီးဖြစ်လာခဲ့တာပါ။
ကင်မရာရှေ့မှာပဲ ဖြတ်သန်းနေခဲ့ရလို့ ပျော်ခဲ့တဲ့အချိန်တွေရော ခက်ခဲ့တဲ့အချိန်တွေပါ မရေမတွက်နိုင်အောင် ရှိခဲ့တယ်။ ဒါတွေအားလုံးကိုဖြတ်ကျော်နိုင်ခဲ့တာ မင်းတို့ပေးတဲ့အားအင်တွေကြောင့်ပါပဲ။ မင်းတို့ဆီက အားတင်းထားဖို့ပြောတဲ့ စကားတစ်ခွန်း၊ နှစ်ခွန်းနဲ့တင် အလုပ်တွေပြန်လုပ်နိုင်ဖို့ အားဖြစ်ခဲ့တယ် ။ဒါကြောင့်ပဲ ဒီနေ့ မင်းတို့ကို ဒီသတင်းပြောပြဖို့ အများကြီးစိတ်လှုပ်ရှားနေမိတာဖြစ်မယ် ဒီသတင်းကြောင့် ဆောက်တည်ရာမရဖြစ်သွားမှာကိုလည်း ငါတကယ်စိုးရိမ်မိတယ် ဘာကြောင့်ပဲဖြစ်ဖြစ် ဒီသတင်းကို ပထမဆုံးသိရသူဟာ ငါ့ပရိတ်သတ်တွေပဲဖြစ်‌စေချင်တယ် တွေ့နေခဲ့တာ အချိန်အတော်ကြာပြီဖြစ်တဲ့ အဲ့ဒီအမျိုးသားနဲ့ငါလက်ထပ်ပါ‌တော့မယ်။ အချိန်အတော်ကြာအောင် ငါ့ရဲ့ထောက်တိုင်ဖြစ်ပေးခဲ့ပြီး ParkShinHye ဆိုတဲ့ငါ့ကို တတ်နိုင်သမျှနဲ့ ‌ ထွေးပွေ့ပေးခဲ့တဲ့သူပါ။
ဒါကြောင့် တစ်‌စုံတစ်ယောက်ရဲ့ လက်တွဲဖော်အနေနဲ့ အိမ်ထောင်ပြုရမလားလို့ ငါစဉ်းစားမိတယ်။ပြောရမှာ ချီတုံချတုံဖြစ်နေပေမဲ့ လက်ထက်ဖို့စီစဉ်နေတုန်းမှာပဲ ငါတို့ဘဝထဲကို တန်ဖိုးဖြတ်မရတဲ့ ရှင်သန်မှုလေးတစ်ခုက ရောက်ရှိနေပါပြီ။ ပြီးတော့ ငါဒါကိုသေချာပေါက်ပြောခဲ့ချင်ပါတယ် ကိုယ်ပိုင်ဘဝနဲ့ မိသားစုနဲ့ ဖြစ်သွားပေမဲ့ မင်းတို့အတွက် အမြဲတမ်းကြိုးစားသွားမယ်လို့ ငါကတိပေးတယ် ။ လိုအပ်ချက်တွေရှိခဲ့ပေမဲ့ အဆုံးထိ ငါ့ကိုချစ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ် ။ အနည်းငယ်ကြာနိုင်တယ်ဆိုပေမဲ့ မင်းသမီးတစ်ယောက်အနေနဲ့ မင်းတို့ဆီကိုပြန်လာနိုင်ဖို့ တတ်နိုင်သမျှကြိုးစားသွားပါမယ် ။ ကျေးဇူးပြုပြီး အဲ့ဒီအချိန်ထိ ကျန်းကျန်းမာမာရှိနေပေးပါ ။ အခုတော့ မင်းတို့ကို ခဏတာနှုတ်ဆက်ခဲ့မယ်နော်”
-Park ShinHye

Comments

0 comments