Advertisement
POSH HOMME ရဲ့ Cover အတွက် အမိုက်စားပုံရိပ်တွေနဲ့ ပိုင်တံခွန်

POSH HOMMEက မင်းသားချော ပိုင်တံခွန်ရဲ့ စတိုင်ခပ်မိုက်မိုက်ပုံတွေကို Front Cover ရော Back Cover အဖြစ်နဲ့ပါ ပုံဖော်ရိုက်ကူးပေးထားပါတယ်

ဘယ်​တော့မှ ရိုးမသွားဘဲ အမြဲတမ်း FASHION ကျကျ မိုက်စေတဲ့ Street Style နဲ့ ပိုင်တံခွန်ကို လူငယ်ဆန်ဆန် ရိုက်ကူးပေးထားပြီး
လူငယ်တစ်ယောက်ရဲ့ သွက်လက်ပေါ့ပါးတဲ့ ဟန်ပန်သွင်ပြင်အဖြစ်နဲ့ ပိုင်တံခွန်ကို ခေါ်ဆောင်ပေးသူကတော့ Stylist- Patrick Hseng ဖြစ်ပြီး ပြေပြစ်ချောမောတဲ့ ယောကျ်ားတစ်ယောက်ရဲ့ဟန်ပန်ကို ပြင်ဆင်လိမ်းခြယ်ပေးသူက မိတ်ကပ် DK ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အနုပညာလက်ရာတွေကို ပိုမိုတောက်ပအောင် ထပ်ဆင့် ပံ့ပိုး ပေးသူကတော့ ဓာတ်ပုံဆရာ Jason Ya ပဲဖြစ်ပါတယ်။
သူတို့လက်ရာတွေနဲ့ ပိုင်တံခွန်ရဲ့ Street Style ပုံရိပ်တွေကို Cover တင်ထားတဲ့ ပုံတွေကိုတော့ မေလ ၁၂ရက်နေ့ POSH HOMME Online Magazine page မှာ တင်ဆက်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်

Model- Paing Takhon
Art Director/ Editor – Sein Sein
Photographer- Jason Ya
Stylist- Patrick Hseng
Make-up – DK
Outfit- RAG & DENIM

Comments

0 comments